Tuesday, April 21, 2020

မကွေးမြို့တွင် Facility Quarantine ထားရှိသူ များထဲမှ(၂၁)ရက် ပြည့်သူများကို နေရပ်သို့ ပြန်လွှတ်

မကွေး ဧပြီလ ၁၉ ရက်
မကွေးမြို့ ပညာရေးကောလိပ်တွင်း Facility Quarantine ထားရှိသူများထဲမှ (၂၁)ရက်ပြည့်သူ များကို ဧပြီလ (၁၉)ရက်နေ့က နေရပ်ပြန်လည် စေလွှတ်ပေးနေကြောင်း မကွေးခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးလွင်ထံကသိရသည်။
အဆိုပါပြန်လည်စေလွှတ်သူများမှာ မြဝတီမြို့မှ တစ်ဆင့် ပြန်လာသူ(၂၃)ဦးဖြစ်ပြီး ပြန်လွှတ်သူများကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးထောက်ခံစာ လက်မှတ်နှင့်
ပြန်လွှတ်တာဖြစ်ကြောင်းFacility Quarantine နေပြီး အိမ်ပြန်သူတွေ အနေနဲ့ အိမ်မှာလည်း (၇)ရက် Home Quarantine နေရမှာဖြစ်ကြောင်း သိရသည်။
"Facility Quarantine (၂၁)ရက်ပြည့်ပြီး ပြန်သူတွေ အနေအထိုင်အသွားအလာ အပြောအဆိုဆင်ခြင်ဖို့ Home Quarantine ပြည့်ပြီးအပြင်ထွက်တဲ့အခါ Maskတပ်ပြီး အပြင်ထွက်ဖို့ အမြဲမပြတ်လက်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်တွေလိုက်နာဖို့ တာဝန်ရှိသူ တွေက အသိပညာပေးပြောကြား လိုက်တယ် လို့ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်ကပြောသည်။
ပြည်ပနိုင်ငံများကပြန်လာသူတွေကို မကွေးမြို့တွင် Facility Quarantine ထားရာမှာ မကွေးမြို့ရှိ အခြေခံကျန်းမာရေးကျောင်း ပညာရေးကောလိပ် နှင့်ကွန်ဗျူတာတက္ကသိုလ် တို့မှာထားတာဖြစ်ပြီး ကွန်ဗျူတာ တက္ကသိုလ်မှာ Facility Quarantine ထားသူ(၇၀)ဦးမှာ ရက်ပြည့်တဲ့အတွက်ပြန်လွှတ်ပြီးပြီး ဖြစ်သည့်အတွက် အခြေခံကျန်းမာရေးကျောင်း နှင့်ပညာရေးကောလိပ်မှာ Facility Quarantine ကျန်ရှိသူ(၁၅၆) ဦးကျန်ရှိနေသေးကြောင်း သိရသည်။
Facility Quarantine နေသူတွေကို နေဖို့စားဖို့ ဆောင်ရွက်ပေးသည်
အပြင် မနက်တစ်ကြိမ် ညနေတစ်ကြိမ် အပူးချိန်တိုင်းတာခြင်း ကျန်းမာရေးစစ်ဆေးခြင်း များနေ့စဉ်ဆောင်ရွက်ပေးကြောင်းသိရသည်။
သတင်း ဇာမဏီ
Image may contain: 2 people, people standingImage may contain: one or more people and people standing

0 comments:

Post a Comment