Friday, April 3, 2020

မကွေးတိုင်းဒေသကြီးအတွင်းကို တရုတ်နိုင်ငံ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံခြားမှပြန်လာသူ (၂၄၀၀)ကျော်ကို သက်ဆိုင်ရာမြို့နယ်တွေမှာ (၁၄)ရက် Facility Quarantine ထားထားတယ် လို့သိရ


မကွေးတိုင်းဒေသကြီးအတွင်းကို တရုတ်နိုင်ငံ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံခြားမှပြန်လာသူ (၂၄၀၀)ကျော်ကို သက်ဆိုင်ရာမြို့နယ်တွေမှာ (၁၄)ရက် Facility Quarantine ထားထားတယ် လို့သိရ
မကွေး မတ်လ ၂၉ ရက်
မကွေးတိုင်းဒေသကြီးအတွင်းကို တရုတ်နိုင်ငံ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံခြားမှပြန်လာသူ (၂၄၀၀)ကျော်ကို သက်ဆိုင်ရာမြို့နယ်တွေမှာ (၁၄)ရက် Facility Quarantine ထားထား ကြောင်း မကွေးတိုင်းဒေသကြီးပြည်သူ့
ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာခင်မောင်သန်းကပြောသည်။
မတ်လ(၂၉)ရက်နေ့က မကွေးတိုင်းကျန်းမာရေး ဦးစီးဌာနရုံးတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာခင်မောင်သန်းက သတင်းထောက်များကို ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ မကွေးတိုင်းအနေနဲ့ဆိုရင် လူနာတွေကိုစစ်ဆေးပေးတဲ့အပိုင်းတွေရှိတယ် တရုတ်နိုင်ငံ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံခြားမှ ပြန်လာသူတွေကို Facility Quarantine ထားထားတဲ့အနေအထားမျိုးတွေရှိတယ် ရောဂါစစ်ဆေးစမ်းသပ်မှုအပိုင်းအနေနဲ့ ဆေးရုံတတ်ရောက်တဲ့လူနာတွေထဲက စစ်ဆေးဖို့လိုအပ်တဲ့လူနာတွေ စောင့်ကြည့်လူနာ လို့သက်မှတ်တဲ့အထဲမှာပါတဲ့သူတွေကိုစစ်ဆေးပေးနေတာတွေရှိပါတယ် "ဟု ၎င်းကပြောသည်။
အဆိုပါ Facility Quarantine ပြုလုပ်ခံရသူများ မှာ သက်ဆိုင်ရာမြို့နယ်အလိုက် တန်းကျောင်း များ ဘာသာရေးအဆောက်အအုံးများ မှာသီးခြားခွဲထားပြီးကျန်းမာရေးစောင့်ကြည့်မှုတွေပြုလုပ်ပေးနေကြောင်း ၎င်းFacility Quarantine ပြုလုပ်ခံရသူများ မှာ ကျန်းမာရေးကောင်းမွန်းသော်လည်း(၁၄)ရက်ကြာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
"မကွေးမြို့ မှာFacility Quarantine ပြုလုပ်ခံရသူ (၁၀၀)ကျော်ကိုတော့ မကွေးမြို့က ပရဟိတ အဖွဲ့တွေ အလှူရှင်တွေက စားသောက်စရာ တွေကိုလှူဒါန်းတယ် ကျန်းမာရေးဌာနက စောင် ခြင်ထောင် အိပ်ယာခင်းတွေ ဆောင်ရွက်ပေး ပါတယ် ဟု မကွေးတိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းကပြောသည်။
မကွေးတိုင်းဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရ်စ်
စောင့်ကြည့်လူနာ (၇)ဦးရှိခဲ့ပြီး (၄)ဦးမှာ ပို့မရှိကြောင်း အဖြေထွက်ရှိပြီး ကျန်သုံးဦးမှာ စစ်ဆေးရမည်ဆိုသည့် အချက်ထဲမဝင်သည့် အတွက် (၁၄)ရက်စောင့်ကြည့်အဖြစ်သာ ထားရှိသွားမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment