Wednesday, April 29, 2020

မင်းဘူးမြို့တွင် ထိုင်းနိုင်ငံနှင့် ပြည်ပနယ်စပ်များမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား ၂၁ ရက် Facility Quaranatine ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်




မင်းဘူး          ဧပြီ               ၂၉
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ထိုင်းနိုင်ငံနှင့် ပြည်ပနယ်စပ်များမှ ပြန်လည် ဝင်ရောက်လာမည့်သူများအား ၂၁ ရက် Facility Quaranatine စောင့်ကြည့်နေရာချထားရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ထိုင်းနိုင်ငံနဲ့ ပြည်ပနယ်စပ်များမှ မေ လဆန်းပိုင်းမှာ  ပြန်လည်ဝင်ရောက်လာကြမဲ့ နေရပ်ပြန်ပြည်သူများကို မင်းဘူးမြို့အ..က()ကျောင်းမှာ ၂၁ ရက် Facility Quaranatine စောင့်ကြည့်နေရာ ချထားရေးပြုလုပ်ဖို့အတွက် သက်ဆိုင်ရာကော်မတီဝင်များအားလုံးက ကြိုတင်ပြင်ဆင်ရေး အပိုင်းအနေနဲ့ ကျန်းမာရေး၊ တည်းခိုနေထိုင် စားသောက်ရေးနှင့် အခြားလိုအပ်သည့်ကိစ္စများကို စနစ်တကျ ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားမှာပါ၊ နောက်ပြီးသန့်ရှင်းရေးပိုင်းဆောင်ရွက်မှုအနေနဲ့ နေရပ်ပြန်များထားရှိမဲ့ အဆောင်တွေမှာ ဆောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အခင်းကအစ လျော်ဖွတ်သန့်စင် နေလှန်းတာတွေ ပြုလုပ်ပြီး တစ်ခန်းဝင် တစ်ခန်းထွက် မီးသတ်ရေယာဉ်နဲ့ ရေဆေးသန့်ရှင်းရေး ပြုလုပ်တာတွေနဲ့ အသိပညာပေး နံရံကပ်ပိုစတာများ တပ်ဆင်ဆောင်ရွက်မှုအားလုံးကို ကော်မတီအဖွဲ့ဝင် တွေနဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်ဟု ၂၁ ရက် Facility Quaranatine စောင့်ကြည့်နေရာချထားမှု ကြီးကြပ်ရေးအဖွဲ့ ဉက္ကဌ မင်းဘူးမြို့နယ်မီးသတ် ဦးစီးမှူး ဦးစိန်ထွန်းးက ပြောပါသည်။

          အဆိုပါဆောင်ရွက်မှုများအားလုံးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊  စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)

0 comments:

Post a Comment