Monday, April 27, 2020

မင်းဘူးမြို့ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ လှူဒါန်း




မင်းဘူး          ဧပြီ               ၂၇
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ လှူဒါန်း ခြင်းကို  ယမန်နေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌  လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

          မင်းဘူးမြို့တွင် COVID-19 ကမ္ဘာ့ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေး နှင့် ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဆေးရုံသုံးပစ္စည်းများ အား  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များက PPE ဝတ်စုံ ၁၀၀ ၊  N 95 Mask အခု ၁၀၀ ၊ Surgial Mask အခု ၃၀၀၀ ၊ Google မျက်မှန်အခု ၁၀၀၊  Surgial gloves ၁၀ boxes တို့ကို လာရောက်လှူဒါန်းခဲ့ကြောင်း မင်းဘူးမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ သိရှိရသည်။
          ထို့ကဲ့သို့ လာရာက်လှူဒါန်းမှုများကို မင်းဘူးမြို့ခရိုင်ပြည်သူ့ဆေးရုံကြီးမှ သက်ဆိုင်ရာ ဆရာဝန်ကြီးများက လက်ခံရယူခဲ့ကြပြီးနောက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ အဆိုပါ လှူဒါန်းမှုများကိုလည်း ကုသရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော နေရာများသို့ အချိန်နှင့်တပြေးညီ ဖြန့်ဝေ အသုံးချ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးမြို့ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်ထံမှ သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment