Tuesday, April 21, 2020

မကွေးတိုင်းဒေသကြီးအတွင်း COVID-19ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နှောက်ယှက်သူမလိုက်နာသူ တွေကို အရေးယူထားတဲ့အမှု (၃၂)မှုရှိကြောင်းသိရ

မကွေး ဧပြီလ ၂၁
မကွေးတိုင်းဒေသကြီးအတွင်းCOVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နှောက်ယှက်သူ မလိုက်နာသူ များကို အရေးယူထားတဲ့အမှု (၃၂)မှုရှိကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးထံကသိရသည်။
အဆိုပါအမှုများမှာ တာဝန်ဝတ်တရား နှောက်ယှက်မှု၊ ချိန်းချောက်မှု ၊လက်နက် ကိုင်ဆောင်နာကျင်အောင်လုပ်မှု ၊ဆဲရေးတိုင်း တာမှု ၊ကူးစက်ရောဂါကာကွယ်​​ရေးဥပဒေ စသည့်အမှုများနှင့်အရေးယူထားကြောင်း သိရသည်။
အမှုတွေထဲမှာတာဝန်ဝတ်တရား နှောက်ယှက်မှု ၊ချိန်းချောက်မှု ၊ ၊ဆဲရေးတိုင်းတာမှု၊တွေက အများဆုံး ဖြစ်ပြီး မကွေးတိုင်းဒေသကြီး အတွင်းက မြို့နယ်များမှာတစ်ယောက်စ နှစ်ယောက်စ အဲ့ဒီဥပဒေတွေနဲ့ အရေးယူခံထား ရတာ ဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုများ၏ပြစ်မှုပြစ်ဒဏ်များမှာအနည်းဆုံး (၃)လမှ (၁)နှစ်ထက်မပိုသောပြစ်ဒဏ် တွေချမှတ်နိုင်ကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment