Monday, April 27, 2020

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့က ၊ COVID-19 ရောဂါပိုးတွေ့ရှိသူ (Case-၅၃) ကို ဒုတိယအကြိမ် ပြန်စစ်ရာNegative(ပိုးမတွေ့ )ဟု အဖြေထွက်


မကွေး ဧပြီလ ၂၆ ရက်
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့က ၊ COVID-19
ရောဂါပိုးတွေ့ရှိသူ (Case-၅၃)ကို ဒုတိယအကြိမ် ပြန်စစ်ရာNegative(ပိုးမတွေ့ )ဟု အဖြေထွက် ကြောင်း ဧပြီလ(၂၆)ရက်နေ့က
မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာ ရေးဦးစီးဌာနတာဝန်ရှိသူထံကသိရသည်။
ကျန်းမာရေးဝန်ကြီးဌာနက ၊ မကွေး တိုင်း၏ ပထမဆုံးCOVID-19 ပိုးတွေ့လူနာတစ်ဦးကို မြို့သစ်မြို့နယ်တွင် တွေ့ရှိကြောင်း ဧပြီလ (၁၃)ရက်နေ့က ကြေငြာခဲ့ပြီးနောက်ပိုင်း အဆိုပါလူနာကို ပိုးရှိ၊မရှိ ဒုတိယအကြိမ် ထပ်မံစစ်ဆေးခဲ့ရာ Negative (ပိုးမတွေ့)
အဖြေ ရရှိခဲ့ကြောင်းမကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းကပြော သည်။
"Negative(ပိုးမတွေ့ )ဘူးဆိုတာဟုတ်ပါတယ် သူ့ကို နောက်တစ်ကြိမ်စစ်အုံးမှာပါ နောက်တစ်ကြိမ်စစ်လို့ ပိုးမတွေ့ရင် Facality Quarantine(၇)ရက်ထားမယ် နောက်ပြီး Home Quarantine(၇)ရက် နေရမှာပါ အဲ့ဒါပြီးရင်တော့ ကျန်းမာရေးကောင်းမွန်သူဖြစ်ပါပြီ ဟုမကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းကပြော သည်။
COVID-19ရောဂါပိုးတွေ့ရှိသူ (Case-၅၃) သည် မြို့သစ်မြို့ ၊ အထက(၁)Facality Quarantine နေစဥ် ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်သဖြင်
၎င်းနှင့်အတူ ထိုင်းနိုင်ငံ ၊ မြဝတီ ဝင်ပေါက်မှ ပြန်လာသူများကိုလည်း မြို့သစ်မြို့ ၊ အထက(၁)၌ Facality Quarantineထားရှိ၍ နှာခေါင်းတို့ပတ် ၊ အာခေါင်တို့ပတ်များကို ကျန်းမာရေးဝန်ကြီးဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ခြင်း မရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ သိရှိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment