Monday, April 13, 2020

မဟာသင်္ကြန်အကြိုနေ့တွင် မင်းဘူးမြို့ရှိ လူစည်ကားသောနေရာများ၌ ပြည်သူများသွားလာလှုပ်ရှားမှု နည်းပါးလျက်ရှိ




မင်းဘူး          ဧပြီ               ၁၂
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် မြို့မဈေး၊ ရပ်ကွက်ဈေးဆိုင်များ၊ လူစည်ကားသောနေရာများနှင့် လမ်းမကြီးများပေါ်၌ ယနေ့ ဧပြီလ ၁၂ ရက် အဟာသင်္ကြန် အကြိုနေ့တွင် ပြည်သူများသွားလာလှုပ်ရှားမှု နည်းပါးလျက်ရှိသည်။

          ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ပြည်သူ များအား ၂၀၂၀ပြည့်နှစ် ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်များမှ လွဲ၍ နေအိမ်ပြင်ပသို့ ထွက်ခွာြခင်းမပြုကြဘဲ မိမိတို့၏နေအိမ်အတွင်း၌သာ နေထိုင်ကြပါရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲတို့၏ ညွှန်ကြားချက်၊ အကြံပေးချက်များ၊ အမိန့်ကြေညာစာများကို လိုက်နာဆောင်ရွက်ကြပါရန်နှင့် ပြည်သူများအား သတိပေးနှိုးဆော်ခြင်းများကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ လူမှု‌ရေးအသင်းအဖွဲ့အစည်းများ ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

          ယခင်နှစ်များတွင် မင်းဘူး-စကု ကားလမ်းမကြီးတစ်လျောက် ဗဟိုသင်္ကြန်မဏ္ဍပ်နှင့် အုန်းလက်သင်္ကြန်မဏ္ဍပ်များတွင် ရေပက်ကစားသူးကြများဖြင့် အလွန်စည်းကားလျက်ရှိပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဖြစ်ပွားမှုကြောင့် သွားလာလှုပ်ရှားမှုများ သိသိ သာသာလျော့နည်းပြီး ပြည်သူများအနေဖြင့် နေအိမ်အတွင်း၌သာ နေထိုင်လျက်ရှိကြောင်း သိရသည်။
                                                                                      မောင်မောင်(မင်းဘူး)

0 comments:

Post a Comment