Wednesday, April 8, 2020

ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများ ကို နိုင်ငံတော်အစိုးရမှထောက်ပံ့မည့်သူစာရင်း ရပ်ကွက်ကျေးရွာများတွင်း တစ်နေ့ထဲအပြီး ကောက်မည်


မကွေး ဧပြီလ ၇ ရက်
ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများ
ကို နိုင်ငံတော်အစိုးရမှထောက်ပံ့မည့်သူစာရင်း ရပ်ကွက်ကျေးရွာများတွင်း တစ်နေ့ထဲအပြီး ကောက်ရမည်ဖြစ်ကြောင်း မကွေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆန်းက ပြောသည်။
ဧပြီလ(၆)ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVI-2019) ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက သတင်း ထုတ်ပြန်သည့် (COVI-2019) ကာကွယ် ထိန်းချုပ် ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် အိမ်ထောင်စု(၁)စုလျှင် ဆန်(၈)ပြည် ဆီ((၅၀)ကျပ်သား ဆား (၅၀)ကျပ်သား ပဲ(၁)ပိဿာ ကြက်သွန်နီ(၁)ပိဿာ စုစုပေါင်း ထောက်ပံံ့ကူညီမှု(၅)မျိုးစီကို (၂၀၂၀)ဧပြီလ (၁၀)ရက်နေ့မှ စတင်၍ အခမဲ့ဖြန့်ဖြူးထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ရပ်ကွက်ကျေးရွာများမှာ ထောက်ပံ့ပေးရမည့် အိမ်ထောင်စုစာရင်းကို ဧပြီ(၇)ရက်နေ့ တစ်ရက်အပြီးကောက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံး
မှတစ်ဆင့်၊ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှဧပြီလ(၈)ရပ်နေ့ တွင် စစ်ဆေးပြီး၊ တိုင်းအစိုးရထံပို့ရမှာဖြစ်ကြောင်း၊ ဧပြီ(၉)ရက်နေ့တွင် ပြည်ထောင်စုအစိုးရထံ အရောက်ပို့ရမှာဖြစ်ကြောင်း မကွေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆန်းက ပြောသည်။
"အမြန်စာရင်းကောက်ယူရတဲ့အတွက် အနည်းငယ်အမှားအယွင်းဖြစ်နိုင်ပါတယ် ဒါပေမဲ့ နိုင်ငံတော်အစိုးရက မေတ္တာနဲ့ဆောင်ရွက်တာ ဖြစ်တဲ့အတွက် အမှားနည်းနိုင်ပါတယ် အောက်ခြေကလည်းမေတ္တာနဲ့ တစ်ကယ်လိုအပ် တဲ့သူကိုဘဲစာရင်းကောက်စေချင်တယ် ဟု ၎င်းကပြောသည်။
မကွေးမြို့တွင်ထောက်ပံံ့ပေးရန်စာရင်းကောက်ယူရာတွင် ဝင်ငွေမသေချာသည့်ကျဘမ်း အလုပ် လုပ်ကိုင်သူများ ၊နေ့စားခဖြင့် လက်လုပ်လက်စား လုပ်ကိုင်သူများ၊ ခေါင်းရွက်ဖျက်ထိုးဈေးရောင်း စားသောက်ရသူများ၊ စာရင်းငှားလုပ်ကိုင် စားသောက်ရသူများ၊ အနှေးယာဉ် (ဆိုက်ကား/ မြင်းလှည်း) လုပ်ကိုင်သူများ ၊ပင်စင်လစားရှိသူ တစ်ဦးတည်းကိုသာ မှီခိုနေရသောမိစားစုများ ကို စာရင်းကောက်ယူထောက်ပံ့သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment