ညောင်ဦး ဧပြီ ၂၅
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးမြို့
ပြည်သူ့ဆေးရုံကြီးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များတွင် အသုံးပြုရန်
PPE ဝတ်စုံ ၂၀၀၊ Surgical Mask ၃၀၀၀ ခု၊
N95 Mask ၁၀၀ ခု၊ လက်အိတ် ၁၀၀၀ ခု နှင့် ညောင်ဦးမြို့ အမှတ်၃ ရပ်ကွက်ရှိ
ကိုကိုညီညီ တည်းခိုခန်းနှင့် ပုဂံမြို့ ရှေးဟောင်းသုတေသန ရိပ်သာတို့တွင်
Quarantine ဝင်ရောက်လျှက်ရှိသော ဝန်ထမ်းများ အတွက် ဆန် ၃ အိတ်၊ ဆီ ၅
ပိသာ၊ ပဲ ၁၀ ပိသာ၊ ကြက်ဉ ၂၀၀ လုံး၊ ကော်ဖိမစ် ၅ ထုပ်၊ တီးမစ် ၅ ထုပ်တို့ကို ယမန်နေ့
နံနက်၉: ၃၀ နာရီအချိန် ညောင်ဦးမြို့ ပြည်သူ့ဆေးရုံကြီး ရုံးခန်းမတွင်
ပေးအပ်လှူဒါန်းရာ ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်
အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းနှင့် အဖွဲ့ဝင်
ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်အောင်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် Coronavirus Disease 2019 (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင်
အင်တိုက်အားတိုက်ပါဝင်ကူညီဆောင်ရွက် လျက်ရှိရာ မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများအတွက်
တပ်မတော်ကလှူဒါန်းသောပစ္စည်းများကို တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက
သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်လှူ ဒါန်းလျက် ရှိကြောင်း သိရှိရပါသည်။
ထို့နောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ညောင်ဦးမြို့နယ် တောင်ဘီလယ်ယားကျေးရွာ နတ်ထောင့်ကျောင်းတိုက်ကြီး၏
ပဓာန နာယကဆရာတော်ကြီး၏ အန္တိမ ဈာပနပူဇာအတွက် နဝကမ္မအလှူငွေများနှင့် ကိုဗစ်-၁၉
ရောဂါ ကာကွယ်ရာတွင် အသုံးပြုသည် နှာခေါင်းစည်း(Mask) ၊
Hand Gel ပစ္စည်းများလည်း သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ကျော်မင်းဦး(ရေနံချောင်း)
0 comments:
Post a Comment