Thursday, April 23, 2020

လမ်းဘေးတွင်ရောင်းချလျှက်ရှိသော ကွမ်းယာ ဆိုင်များ၊ ဘောနပ်ကဒ်အရောင်းဆိုင်များအား ယာယီပိတ်သိမ်းထားရှိရေး လိုက်လံနှိုးဆော်

မကွေး ဧပြီလ ၂၂
မကွေးမြို့တွင် ဧပြီလ (၂၂) ရက်နေ့က မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က
လမ်းဘေးတွင်ရောင်းချလျှက်ရှိသော ကွမ်းယာ ဆိုင်များ၊ ဘောနပ်ကဒ်အရောင်းဆိုင်များအား ယာယီပိတ်သိမ်းထားရှိရေး လိုက်လံနှိုးဆော်ခဲ့ ကြောင်းသိရသည်။


မြန်မာနိုင်ငံအပါအဝင်ကမ္ဘာ့ နိုင်ငံအများအပြား၌ ဖြစ်ပေါ်နေသော အသက်ရှုလမ်းကြောင်း ဆိုင်ရာကူးစက်ရောဂါ Coronavirus 2019 (Covid-19) ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့် အညီ အဖွဲ့ပိုင်ဈေးများ ပိတ်သိမ်းခြင်း၊ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အစားအသောက်ရောင်းချရာဆိုင်များအား ပါဆယ်စနစ်ဖြင့်သာရောင်းချစေရေးကြီးကြပ်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ထားရှိပြီးဖြစ် ကြောင်းသိရသည်။
ဆက်လက်၍ ရောဂါကာကွယ်ရေး လိုအပ်ချက် အရ လမ်းဘေးတွင်ရောင်းချလျှက်ရှိသော ကွမ်းယာဆိုင်များ၊ ဘောနပ်ကဒ်အရောင်း ဆိုင်များအား ယာယီပိတ်သိမ်းထားရှိရေး လိုက်လံနှိုးဆော်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment