Wednesday, April 22, 2020

မင်းဘူးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသူများအား လူဦးရေအကန့်အသတ်ဖြင့် ထုတ်ပေးလျက်ရှိ




မင်းဘူး          ဧပြီ               ၂၁
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် Covid-19 ကူးစက်မြန်ရောဂါ နှင့်စပ်လျဉ်းပြီး လူစုလူဝေးမဖြစ်စေရန် ရည်ရွယ်၍ ပင်စင်လာရောက်ထုတ်ယူကြသူများအား ယနေ့ နံနက် ၆ နာရီခွဲ အချိန်မှစ၍ လူဦးရေအကန့်အသတ်ဖြင့်ထုတ်းပေးလျက်ရှိကြောင်း သိရသည်။

          ယခုလိုဆောင်ရွက်ခြင်းအာြဖင့် ဘဏ်လုပ်ငန်းများ ရေရှည်လည်ပတ်နိုင် စေရန်နှင့် လူစုလူဝေးမဖြစ်စေရန် ပင်စင်စား(အငြိမ်းစား) မိဘပြည်သူများကို ကမ္ဘာတစ်ဝန်း ဖြစ်ပေါ် လျက်ရှိသော Covid-19ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး၊ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်ချက်ဖြင့် ငွေထုတ်ကောင်တာသုံးခု စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  မင်းဘူး မြို့နယ်အနေဖြင့် ဧပြီလ ၂၁ နေ့မှစ၍ ၂၉ ရက်နေ့အထိ ၇ ရက်တိုင်တိုင် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများကို အုပ်စု()အုပ်စုခွဲပြီး နေ့ရက်များအလိုက် ရုံးဖွင့်ရက်များတွင်   ပင်စင်စား (အငြိမ်းစား)လစာများကို E-Pension Card (ပင်စင်ကတ်) စနစ်ဖြင့်  ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ပင်စင်ထုတ်ယူရာတွင် ရုံးဝင်ပေါက်မှစ၍ လက်ဆေးခြင်း၊ ခြောက်ပေကွာမှ နေထိုင်ခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှသာ လာရောက်ကြရန်နှင့် သတ်မှတ် ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စား(အငြိမ်းစား) များသည် မေလဆန်း တွင် ဘဏ်လုပ်ငန်းချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်းမင်းဘူးမြို့၊ မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဒေါ်အေးအေးကြိုင် ထံမှ သိရသည်။

          ဆက်လက်၍ ပင်စင်လာရောက်ထုတ်ယူကြသော မိဘပြည်သူများနှင့် ဌာနဆိုင်ရာငွေ ကြေးကိစ္စ ဆောင်ရွက်ကြသူများအား  Hand Speaker ဖြင့်အသိပညာပေးခြင်း၊ နံရံကပ် ပိုစတာများ ပြသဆောင်ရွက်ခြင်းများကို မြန်မာ့စီးပွားဘဏ်မှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များနှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 
                                                                                           မောင်မောင် (မင်းဘူး)

0 comments:

Post a Comment