Friday, April 10, 2020

မကွေးမြို့တွင်မဟာသင်္ကြန်ကာလမှာမိသားစု အုန်းလက်မဏ္ဍပ်တွေလည်းဆောက်ခွင့်မပြု



မကွေး ဧပြီလ ၈
မကွေးမြို့တွင်အခုနှစ်မဟာသင်္ကြန်ကာလမှာကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်မဏ္ဍပ်တွေဆောက်ခွင့်မပြုသလိုမိသားစုအုန်းလက်မဏ္ဍပ်တွေလည်းဆောက်ခွင့်မပြုဘူးလို့မြို့နယ်အုပ်ချုပ်ရေးမှူးထံကသိရပါတယ်။
မဟာသင်္ကြန်မဏ္ဍပ်တွေဆောက်လုပ်ခွင့်မပြုတဲ့အမိန့်ညွှန်ကြားစာကိုတိုင်းအစိုးရအဖွဲ့ကထုတ်ပြန်ထားပြီးလက်ရှိအချိန်မှာရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီလည်းဖြန့်ဝေထားတယ်လို့ဆိုပါတယ်။
အခုနှစ်မှာတခြားမဏ္ဍပ်တွေဆောက်လုပ်ခွင့်မပြုသလိုမိသားစုအုန်းလက်မဏ္ဍပ်ကအစဆောက်ခွင့်မပြုဘူးလို့မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်ကဆိုပါတယ်။
လာမယ့်သင်္ကြန်ကာလမှာလည်းသွားလာရေးကန့်သတ်တာတွေပါဝင်တဲ့အမိန့်ညွှန်ကြားစာလည်းတိုင်းအစိုးရအဖွဲ့ကထုတ်ဖို့ရှိတယ်လို့သိရပါတ။
သင်္ကြန်ကာလမှာပြည်သူတွေအနေနဲ့မဏ္ဍပ်ဆောက်လုပ်ခွင့်မရှိတဲ့အတွက်ကိုယ့်အိမ်မှာပဲနေထိုင်ပြီးဖြတ်သန်းသွားကြမယ်လို့ဆိုကြပါတယ်။
လက်ရှိအချိန်မှာလည်းကိုရိုနာဗိုင်းရပ်ရောဂါကြောင့်ပြည်သူတွေအနေနဲ့စိုးရိမ်မှုတွေရှိနေပြီးအပြင်ထွက်လည်ဖို့လည်းအစီအစဥ်မရှိဘူးလည်းသိရပါတယ်။
အခုနှစ်သင်္ကြန်မှာအရင်နှစ်တွေကလိုမဟုတ်တော့ စိတ်မကောင်းဖြစ်မိတယ်လို့မကွေးမြို့မှာနေထိုင်တဲ့ ကိုသက်ဇော်နိုင်ကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကမဟာသင်္ကြန်ကာလတွင်မကွေးမြို့မှာလမ်းလျှောက်သင်္ကြန်၊ဗဟိုမဏ္ဍပ်နဲ့တခြား မဏ္ဍပ်တွေ၊ယိမ်းအကပြိုင်ပွဲတွေ၊စတုဒီသာကျွေး တာတွေနဲ့စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တာဖြစ်ပါတယ်။
သတင်း ဇာမဏီ

0 comments:

Post a Comment