Saturday, April 4, 2020

ကိုရိုနာဗိုင်းရ်စ်ကို ကူးဆက်မြန်ရောဂါအဖြစ် သက်မှတ်ထားတာကြောင့် အဲ့ဒီရောဂါနဲ့ ပါတ်သက်တဲ့ သံသယလူနာ​တွေကို သတင်းပို့ဖို့ပျက်ကွက်ခဲ့ရင် ဥပဒေအရ အရေးယူရတယ်ဟုဆို

ကိုရိုနာဗိုင်းရ်စ်ကို ကူးဆက်မြန်ရောဂါအဖြစ် သက်မှတ်ထားတာကြောင့် အဲ့ဒီရောဂါနဲ့ ပါတ်သက်တဲ့ သံသယလူနာ​တွေကို သတင်းပို့ဖို့ပျက်ကွက်ခဲ့ရင် ဥပဒေအရ အရေးယူရတယ်ဟုဆို
မကွေး မတ်လ ၂၄ ရက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မတ်လ(၁၁) ရက်နေ့က ကိုရိုနာဗိုင်းရ်စ်ကိုကူးဆက်မြန်ရောဂါ အဖြစ် ထုတ်​​​​ပြန်ထားတာကြောင့် အဲ့ဒီရောဂါနဲ့ ပါတ်သက်တဲ့သံသယလူနာတွေကို သတင်းပို့ဖို့ ပျက်ကွက်ခဲ့ရင် ဥပဒေအရအရေးယူရတယ်လို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်လတ်ကပြောပါတယ်။
ကိုရိုနာဗိုင်းရ်စ်ကို ကူးဆက်မြန်ရောဂါ တိုင်ကြား ရမဲ့ရောဂါအဖြစ် သက်မှတ်တဲ့အတွက် ရောဂါဖြစ်တယ်လို့ သံသယရှိရင် အိမ်ထောင် ဦးစီးမှ အနီးဆုံးကျန်းမာရေးဌာနကို သတင်း ပို့ရမှာဖြစ်ပြီး သတင်းပို့ဖို့ပျက်ကွက်ခဲ့ရင် (၁၉၉၅)ခုနှစ် ကူးဆက်ရောဂါများကာကွယ် နှိမ်နှင်းရေးဥပဒေအရ ထောင်ဒဏ်(၆) လဖြစ်စေ ဒဏ်ငွေ(၁၀၀၀၀၀)ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချနိုင်ပါတယ် လို့မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်လတ်က ပြောပါတယ်။
တိုင်းရင်းဆေး ကျန်းမာရေးဌာန ဆရာဝန်တွေ ကလည်း ၎င်းတို့ဆီမှာ လာရောက်ကုသသူ လူနာတွေထဲက သံသယရှိလူနာတွေ့ရင် သက်ဆိုင်ရာ တိုင်းကျန်းမာရေးဌာနတွေကို ပြန်လည် သတင်းပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် နိုင်ငံရပ်ခြားမှပြန်လာသူများ တစ်ခြားမြို့တွေမှပြန်လာသူများအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သတင်းပို့ ပြီးကျန်းမာရေးစစ်ဆေးမှုခံယူစေပြီး
ကိုရိုနာဗိုင်းရ်စ်ကို အမျိုးသားရေး တာဝန်တစ်ရပ် အနေနဲ့ ဆောင်ရွက်မှ ရောဂါကာကွယ်နိုင်မှာ ဖြစ်တယ်လို့မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်လတ် ကပြောပါတယ်။
သတင်း ဇာမဏီ

0 comments:

Post a Comment