Friday, April 10, 2020

မကွေးမြို့ပေါ် ရပ်ကွက်များအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအား ဧပြီလ(၁၀)ရက်ညနေပိုင်းတွင် အခြေခံ စားသောက် ကုန်(၅)မျိုးထောက်ပံ့နိုင်မည်


မကွေး ဧပြီလ ၁၀ ရက်
မကွေးမြို့ပေါ် ရပ်ကွက်များအတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသောအခြေခံလူတန်းစားများအား ဧပြီလ (၁၀)ရက်ညနေပိုင်းတွင် အခြေခံ စားသောက် ကုန်(၅)မျိုးထောက်ပံ့နိုင်မည် ဖြစ်ကြောင်း မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးထံမှသိရသည်။

ဧပြီလ(၆)ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVI-2019) ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက သတင်း ထုတ်ပြန်သည့် (COVI-2019) ကာကွယ် ထိန်းချုပ် ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် အိမ်ထောင်စု(၁)စုလျှင် ဆန်(၈)ပြည် ဆီ((၅၀)ကျပ်သား ဆား (၅၀)ကျပ်သား ပဲ(၁)ပိဿာ ကြက်သွန်နီ(၁)ပိဿာ စုစုပေါင်း ထောက်ပံံ့ကူညီမှု(၅)မျိုးစီကို (၂၀၂၀)ဧပြီလ (၁၀)ရက်နေ့မှ စတင်၍ အခမဲ့ဖြန့်ဖြူးထောက်ပံ့ ပေးသည့် အစီအစဥ်ဖြင့် ထောက်ပံ့ခြင်း ဖြစ်ကြောင်းသိရသည်။
"ဒီနေ့မနက်စျေးလယ်စိုးရပ်ကွက်က ဦးတည် အိမ်ထောင်စု(၆၀)ကို ဝန်ကြီးချုပ်ကြီးကိုယ်တိုင် ဦးဆောင်ပြီးတာဝန်ရှိသူတွေနဲ့ ထောက်ပံ့ပေးခဲ့ ပါတယ်။ကျန်တဲ့ရပ်ကွက်ကျေးရွာတွေအတွက် ကုန်စည်ဒိုင်ကနေပြီးထုတ်ယူနေတာဘဲရှိသေးတယ်။အခြေခံလူတန်းစာတွေဆီမရောက်သေးဘူး ကုန်စည်ဒိုင်မှာစာရင်းစီစစ်ဆဲ ဒီနေ့ပေးနိုင်ရင် တောင်ညနေမှပေးနိုင်မှာ ကျေးရွာတွေက တော့လာသယ်နေကြပြီးကားတွေနဲ့ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် ကပြောသည်။
စျေးလယ်စိုးရပ်ကွက်မှာထောက်ပံ့ရာတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး တိုင်းဒေသကြီး အဆင့် ကြီးကြပ်မှုကော်မတီ ဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ နှင့်တာဝန် ရှိသူများကိုယ်တိုင် လိုက်လံဖြန့်ဖြူး ပေးပြီး ပြည်သူများကို အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။
မကွေးမြို့နယ်အတွင်း အိမ်ထောင်စု(၇)သောင်း ရှိရာမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ဦးတည် အိမ်ထောင်စု (၁၇၀၀၁)စုထောက်ပံ့ပေး သွားမှာဖြစ်ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၃)သိန်း ရှိကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment