Saturday, April 4, 2020

ကိုရိုနာဗိုင်းရ်စ်ကိုကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မကွေးကားကွင်းမှယာဥ်လိုင်းတွေ ခရီးသည်တဝက်သာတင်ရမှာဖြစ်ပြီးယာဥ်စီးခကိုပုံမှန်စျေးထက်တဆခွဲတိုးမြှင့်ကောက်ခံသွားမည်


ကိုရိုနာဗိုင်းရ်စ်ကိုကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မကွေးကားကွင်းမှယာဥ်လိုင်းတွေ ခရီးသည်တဝက်သာတင်ရမှာဖြစ်ပြီးယာဥ်စီးခကိုပုံမှန်စျေးထက်တဆခွဲတိုးမြှင့်ကောက်ခံသွားမည်
မကွေး မတ်လ ၃၀
ကိုရိုနာဗိုင်းရ်စ်ကိုကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မကွေးကားကွင်းမှယာဥ်လိုင်းများ ခရီးသည်တဝက်သာတင်ရမှာဖြစ်ပြီးယာဥ်စီးခကိုပုံမှန်စျေးထက်တဆခွဲတိုးမြှင့်ကောက်ခံသွားမှာဖြစ်ကြောင်းပုဂ္ဂလိကမော်တော်ယာဥ်လိုင်းများကြီးကြပ်မှုကော်မတီဥက္ကဌဦးမြင့်စိုးကပြောသည်။
ကားတစ်စီးမှာခရီးသည်တဝက်သာတင်ဆောင်ပြီးယာဥ်စီးခကိုပုံမှန်ထက်တစခွဲတိုးမြှင့်ကောက်ခံ
ရန်ကိစ္စကိုမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကမတ်လ၂၈ရက်နေ့ကညွှန်ကြားစာထွက်ကြောင်း သိရသည်။

ယခင်က မကွေးမှ ရန်ကုန်သို့ ကားလက်မှတ်တစ် စောင် (၈၀၀၀)ကျပ်ရှိခဲ့ရင် ပုံမှန်ထက် တစ်ဝက်တိုးကောက်သဖြင့် (၁၂၀၀၀) ကျပ်ဖြစ်မည်ဖြစ်ကြောင်းသိရသည်။
ယာဥ်စီးခများကိုပုံမှန်စျေးထက်တဆခွဲတိုးမြှင့်ကောက်ခံပေမယ့်လက်ရှိအချိန်ထိခရီးသည်များ
ဘက်ကလာရောက်ပြောဆိုတာတွေမရှိသေးသလိုအခက်အခဲလည်းမရှိကြောင်းပုဂ္ဂလိက
မော်တော်ယာဥ်လိုင်းများကြီးကြပ်မှုကော်မတီဥက္ကဌဦးမြင့်စိုးကပြောသည်။
မကွေးကားကွင်းမှာကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်သည့်အနေဖြင့်လက်ရှိတွင်ယာဥ်လိုင်းများ ကိုရောင်စုံမေတ္တာလူမှုကူညီရေးအသင်းကပိုး သတ်ဆေးဖြန်းခြင်းပေးထားပြီးကားကွင်းမှာ ခရီးသည်များအတွက်လက်ဆေးစင်များ ထားရှိထားကြောင်းသ်ိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်ကားခစျေးနှုန်းများကိုတဆခွဲတိုးမြှင့်ကောက်ခံပေမယ့်
ယာဥ်လိုင်းများမှာအရှုံးပေါ်နေဆဲဖြစ်ကြောင်း ရွှေမိတ်သစ်ယာဥ်လိုင်းဂိတ်မှူးဦးစိုးနိုင်ကပြောသည်။
ယာဥ်စီးခများတိုးမြှင့်ကောက်ခံသည့်အပေါ်ခရီးသည်များဘက်ကဝေဖန်ပြောဆိုခြင်းများ မရှိကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment