Tuesday, April 28, 2020

မင်းဘူးမြို့(စကု)မြို့နယ် မန်းကျိုးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား




မင်းဘူး          ဧပြီ               ၂၈
         
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့(စကု)မြို့နယ် မန်းကျိုးကျေးရွာအုပ်စု၊  မန်းကျိုး ကျေးရွာတွင် ယ​နေ့ နံနက် ၃ နာရီ အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှ သိရှိရသည်။

          ဖြစ်စဉ်မှာ မင်းဘူး(စကု)မြို့နယ် မန်းကျိုးကျေးရွာနေ ဦးကံဝင်း၊ အသက် ၆၃ နှစ်၊ တောင်သူသည် ၎င်း၏နွားစာတင်းကုတ်အနီးရှိ ထန်းလက်အခြောက်များကို မီးရှို့ထားရာမှ နွားစာတင်းကုတ်အား မီးကူးစက်လောင်ကျွမ်းမှုကြောင့် ( ၁၅ x ၁၅ ) ပေ၊ သွပ်မိုး၊ ထရံကာ၊ နွားစာတင်းကုတ် တစ်လုံးမီးလောင်းကျွမ်းခဲ့ကြောင်း သိရှိရသဖြင့် မင်းဘူးမြို့နယ်မီးသတ် ဦးစီးမှူး ဦးစိန်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မန်းရေနံမြေ နယ်မြေမီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးဇင်နှင့် တပ်ဖွဲ့ဝင်များမှ သန္ဓေတပ်ဖွဲ့ဝင် ၃ ဦး၊ အရန်မီးသတ်တပ် ဖွဲ့ဝင် ၅ဦး၊ မီးငြှိမ်းသတ်ယာဉ် ၁စီး ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ ခွဲအချိန်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရှိရသည်။
          အဆိုပါ မီးလောင်မှုတွင် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့်  မီးပေါ့ဆ စွာအသုံးပြုသူ ဦးကံဝင်းအား စကုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူးထားကြောင်း သိရှိ ရသည်။ 
မောင်မောင်(မင်းဘူး)

0 comments:

Post a Comment