မကွေး ဧပြီလ ၂၇
တရုတ်နိုင်ငံဘက်မှ ကချင်ပြည်နယ် လွယ်ဂျယ် ကနေ မကွေးတိုင်းဒေသကြီးအတွင်းသို့ ဧပြီ (၂၆)ရက်နေ့က နေရပ် ပြန်ဝင်လာသူ (၁၀၄) ဦး ရှိကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးကပြောသည်။
အဆိုပါပြန်လာမည့်သူများကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့အစီအစဥ်ဖြင့်
ကားဖြင့်သွားရောက်ခေါ်ဆောင်ပြီး နေရပ်မြို့နယ်
များသို့ပို့ဆောင်ပေးသွားမှာဖြစ်ကြောင်း ၎င်းကပြောသည်။
"ကချင်ပြည်နယ် လွယ်ဂျယ်နယ်ဘက်က အကြောင်းကြားတဲ့အတွက် မကွေးကနေ ကားလွှတ်သွားခေါ်တာပါ မကွေးတိုင်းထဲ က မြို့နယ်(၈)မြို့နယ်က ပြည်သူ(၁၀၄) ဦး ပြန်ဝင်လာပါတယ်။ လောလောဆဲ့တော့ မကွေးမှာစုမထားဘူး သက်ဆိုင်ရာမြို့နယ် တွေအရောက်ပို့ပေးမှာပါ အဲ့မြို့နယ်တွေမှာ Facality Quarantine ထားမှာပါ ရွာတွေမှာထားဖို့တော့အဆင်မပြေဘူး အကျွေးအမွေးအတွက်အဆင်မပြေဘူး တချို့ကျတော့လက်ခံဖို့ငြင်းတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်နိုင်ဖို့နဲ့ ကျွေးနိုင်မွေးနိုင်ဖို့အတွက် မြို့ပေါ်တွေမှာဘဲ Facality Quarantineထားမှာပါ ဟုမကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးကပြောသည်။
အဆိုပါပြန်ဝင်လာမည့်သူများမှာ အောင်လံ ပေါက် မြိုင် နတ်မောက် မကွေး စသည့်မြို့နယ် (၈)မြို့နယ်ခန့်ကဖြစ်ကြောင်းသိရသည်။

0 comments:
Post a Comment