မင်းဘူး ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များတွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့်
ထိန်းချုပ်ကာလအတွင်း အခြေခံစားသောက်ကုန်နှင့်
ဆေးဝါး ပစ္စည်းများ ထုတ်လုပ်ရောင်းခြင်းမှလွဲ၍
အခြားဈေးဆိုင်များအားလုံးကို
မေလ ၁၅ ရက်နေ့ အထိ ပိတ်သိမ်းရက် တိုးမြှင့်သတ်မှတ်ခြင်းကို
၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်များနှင့်
စပ်လျဉ်း၍ မြို့ပေါ်ရပ်ကွက်များရှိ
အခြေခံစားသောက် ကုန်နှင့် ဆေးဝါးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းများကို
ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင် ဆောင်ရွက်ရန်၊ စားသောက်ဆိုင်များနှင့်
လက်ဖက်ရည်ဆိုင်များတွင်
ဆိုင်ထိုင်စားသောက် ခြင်းကို ခွင့်မပြုဘဲ ယခင် ညွှန်ကြားချက်များအတိုင်း
ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန်၊ ဟိုတယ်၊ မိုတယ်၊ INN နှင့် တည်းခိုခန်းများ၊ Mobile စနစ်ဖြင့်
ရောင်းချနေသော Telephone Bonus Card ဆိုင်များ၊ ကွမ်းယာဆိုင်များ၊ အခြားဆိုင်များနှင့် လုပ်ငန်းများအားလုံးကို
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တို့မှ ညွှန်ကြားချက်များအရ မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က
၂၀၂၀ပြည့်နှစ်၊ မေလ ၁၅ ရက်နေ့အထိ ရက်စွဲတိုးမြှင့်သတ်မှတ်ပြီး
ပိတ်သိမ်းထားကြောင်း မင်းဘူးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးဝင်းနိုင်ထံမှ သိရှိရသည်။
ဆက်လက်၍ နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တိုင်းဒေသ
ကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာထားသော အမိန့်နှင့်
ညွှန်ကြားချက်များကို
လိုက်နာ ကြရန်၊ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြရန်နှင့် တတ်နိုင်သမျှ မိမိအိမ် အတွင်း၌သာ နေထိုင်ကြရန်၊ လိုအပ်လို့ အပြင်ထွက်ပါက နှာခေါင်းစည်း(Mask)များ တပ်ဆင် ကြရန်နှင့် မကြာခဏလက်ဆေးကြရန် စသည့်
ထုတ်ပြန်ချက်များကို မြို့ပေါ်ရပ်ကွက်များသို့
နေရာအနှံသွားရောက်၍ မော်တော်ယာဉ်ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြကြောင်း
သိရှိရသည်။
မောင်မောင်
(မင်းဘူး)
0 comments:
Post a Comment