မင်းဘူး ဧပြီ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့
မင်းဘူး-စကု ကားလမ်း၊ ခရိုင်ပညာရေးမှူး ရုံးရှေ့တွင် ယမန်နေ့ည
၆ နာရီအချိန်က သစ်ပင်ပြိုလဲကျမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှ
သိရှိရသည်။
ဖြစ်စဉ်မှာ မင်းဘူးမြို့နယ်
မီးသတ်စခန်း၏ တောင်ဘက် တစ်မိုင်ခန့်အကွာ၊ အမှတ်(၂) ရပ်ကွက်၊ မင်းဘူး-စကုလမ်း ခရိုင်ပညာရေးမှူးရုံးရှေ့ရှိ
လုံးပတ် ၃ ပေခန့်၊ အမြင့်ပေ ၃၀ခန့်ရှိ စိန်ပန်းပင်မှာ လေ(အနည်းငယ်)
တိုက်ခတ်၍ လမ်းမပေါ်သို့ လဲကျသွားခဲ့ကြောင်းသိရှိရသဖြင့် ဒေါင်းဖန်းမီးငြှိမ်းသတ်ယာဉ်ဖြင့်
ဒုမီးသတ်ဦးစီးမှူး ဦးကျော်ဇင်ဟိန်း ဦးဆောင်၍ သန္ဓေ တပ်ဖွဲ့ဝင် ၅ ဦးတို့ဖြင့် သွားရောက်ရှင်းလင်းခဲ့ကြောင်း
သိရသည်။
အဆိုပါ သစ်ပင်လဲကျမှုတွင်
ဆက်သွယ်ရေး (MPT) ကြိုးတိုင်ပေါ်သို့လဲကျခဲ့၍ ကျိုးပဲ့ ပျက်စီးခဲ့ပြီး
လူနှင့် တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းသိရှိရသည်။
မောင်မောင်(မင်းဘူး)
0 comments:
Post a Comment