Tuesday, April 21, 2020

မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းတွင် ယာယီပျံကျဈေး စတင်ဖွင့်လှစ်ရောင်းချ




မင်းဘူး          ဧပြီ               ၂၀
         
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် Covid-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ မင်းဘူးမြို့ခရိုင်အားကစားကွင်းတွင်  ယာယီ ပျံကျဈေးအဖြစ် ယနေ့နံနက် ၆ နာရီ အချိန်မှ စတင်၍ ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။


          “ကျွန်မတို့ ယခုလို ယာယီပျံကျဈေး ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကတော့ Covid-19 ရောဂါကူးစက်ပျံ့နှံမှု မရှိစေရေး၊ ဈေးသည်အများစု စားဝတ်နေရေး အဆင်ပြေစေဖို့ အတွက်နဲ့ ပြည်သူများစားသောက်ရေးအဆင်ပြေဖို့ ကျွန်မတို့ စည်ပင်သာယာရေးအဖွဲ့ကနေ ပြီးတော့ သတ်မှတ်စည်းကမ်းတွေနဲ့အညီ စနစ်တကျ စီစဉ်ဖွင့်လှစ်ပေးထားတာြဖစ်ပါတယ်၊ ဈေးရောင်း/ဈေးဝယ်သူများကိုလည်း စနစ်တကျ နှာခေါင်းစည်း(Mask)များ တပ်ဆင်စေခြင်း၊ လက်ဆေးဘေစင်များထားရှိပြီးတော့ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီးမှသာ ပျံကျဈေးကွင်းအတွင်း ဝင်ရောက်ခွင့် ပြုပေးထားပါ၊ ယခုလက်ရှိ ဈေးရောင်းချသူဦးရေ အနေနဲ့ကတော့(၃၀၀)ကျော်လောက် ရှိမည်ဖြစ်ပါတယ်၊ ဈေးဖွင့်ချိန်ကိုလည်း နံနက် နာရီမှ ၁၀ နာရီအထိ ရောင်းချခွင့် ပြုပေးထားပြီးတော့ ဈေးရောင်းဖို့ရက်ကတော့ လောလောဆယ်အနေနဲ့ ဧပြီလ ၂၀ ရက်မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်၊ ဈေးရောင်းသူ/ဈေးဝယ်သူများကလည်း စနစ်တကျ လိုက်နာဆောင်ရွက်လျက်ရှိနေတာကို ကျွန်မတို့တွေရပါတယ်ဟု မင်းဘူးမြို့နယ် စည်ပင် သာယာဈေးအဖွဲ့၊ ဒုတိယဦးစီးမှူး(ဈေး) ဒေါ်စိုးစိုးသန်း ကပြောပါသည်။

          အဆိုပါ ယာယီပျံကျဈေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းဝင်း၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကျော်စွမ်းရည်နှင့် ဦးကျော်ငွေ၊ ခရိုင်ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာအေးကိုနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်ကံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးဝင်းနိုင်နှင့် ဝန်ထမ်းများ ခရိုင်ပြန်/ဆက်ဉီးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ဈေးရောင်း/ဝယ်လာကြသော ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြပြီး၊ မိဘပြည်သူများကလည်း  သတ်မှတ်ထားသော စည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
          ကျော်စိုးဝင်း(မင်းဘူး) မောင်မောင်(မင်းဘူး)

0 comments:

Post a Comment