Saturday, April 18, 2020

မကွေးတိုင်း၌ ရေလိုအပ်သည့် ဒေသများအတွက် ရေဂါလံသုံးသိန်းကျော်လှူဒါန်းပြီးဖြစ်ကြောင်းသိရ


မကွေး ဧပြီ ၁၉
၂၀၂၀ ခုနှစ် နွေရာသီကာလ၌ မကွေးတိုင်း ဒေသကြီးရှိ ခရိုင်(၄)ခု၊ မြို့နယ်(၁၁)မြို့နယ် ၊ကျေးရွာ(၃၄)ရွာ ၊ အိမ်ခြေ(၃၇၁၂)အိမ် ၊ လူဦးရေ(၁၁၁၂၀)ဦးတို့အတွက် သောက်သုံး ရေဂါလံသုံးသိန်းကျော် ( ၃၀၀၅၇၀ ဂါလံ )ကို ဖြန့်ဝေလှူဒါန်း ပြီးဖြစ်ကြောင်း တိုင်းကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ မီးသတ်ဦးစီးဌာန ၊ သစ်တောဦးစီးဌာန နှင့် ပုဂ္ဂလိက မော်တော် ယာဉ်များ ပူးပေါင်းကာ အလှူရှင်များ၏ထည့်၀င်ငွေဖြင့် (၁၆၅၂၀၀) ဂါလံ ၊ ကျေးလက်ဌာန၏ထည့်၀င်ငွေဖြင့် (၁၃၅၃၇၀)ဂါလံ ၊ စုစုပေါင်း ဂါလံသုံးသိန်းကျော် လှူဒါန်းဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
“ ဌာနက ရေလှူနေတာတွေကတော့ နေ့တိုင်းရှိတယ်။ အလှူရှင်တွေက ရေလှူနေတာတွေလည်း ရှိပါတယ်။ အလှူရှင်က ဆီဖိုးပေးတယ်။ ကျွန်တော်တို့က ကားစိုက် ၊ လုပ်အားစိုက်ပေါ့။ ရေလိုလို့ အကြောင်းကြားရင် ချက်ချင်း လုပ်ပေးနေ ပါတယ် ” ဟု မကွေးတိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ တိုင်းဦးစီးမှူး ဦးမျိုးအောင် က ပြောသည်။
နောက်ကျိနေသည့် မြစ်ရေကိုပင် ကားပေါ်တင် ၊ ရေသန့်ထုတ်၍ ဖြန့်ဝေနိုင်သည့် ရေသန့်စက် ကားများလည်း ကျေးလက်ဌာနတွင်ရှိပြီး သောက်သုံရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေကြောင်း တိုင်းဦးစီးမှူးက ဆိုသည်။
ကပ်ရောဂါကာလဖြစ်သဖြင့် ရေဖြန့်ဝေရေး လုပ်ဆောင်ရာတွင် ရေပုံးများကြိုတင်ချထားကာ တစ်ဦး နှင့် တစ်ဦး ၆ပေခွာ၍ သယ်ယူရန် ကျေးရွာတာ၀န်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ကြောင်း ၊ သောက်သုံး ရေလိုအပ်ပါက ကျေးရွာအုပ်ချုပ် ရေးနှင့်ရေကော်မတီများက နီးစပ်ရာကျေးလက် ဦးစီးဌာနရုံးများသို့အကူအညီတောင်ခံနိုင်ကြောင်း တိုင်းဦးစီးမှူးထံမှ သိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment