မင်းဘူး
ဧပြီ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့တွင် ယမန်နေ့က မသင်္ကာသူ တစ်ဉီးအား စစ်ဆေးရာမှ ခိုးမှုပေါ်ပေါက်ခဲ့ကြောင်း
စကုနယ်မြေရဲစခန်းမှ သိရှိရသည်။
ဖြစ်စဉ်မှာ
မင်းဘူးမြို့နယ်၊ စကုနယ်မြေစခန်းမှ ဒုရဲအုပ် မျိုးသက်ထွန်းနှင့် အဖွဲ့သည် စကုမြို့၊ အမှတ်(၁)ရပ်ကွက်၊ မန်းတံတားပေါ်တွင် အမှတ်(၂)ရပ်ကွက်နေ အောင်ပြည့်စုံ (ခ)
အောင်မြင့်ဇော် သည် နံပါတ်မပါ COHON 110 ဆိုင်ကယ်အား
မောင်းနှင်လာသည်ကို မသင်္ကာသဖြင့် စစ်ဆေးရာ အဆိုပါဆိုင်ကယ်အား ၎င်းပိုင်ဆိုင်ကြောင်း
အထောက်အထား ပြနိုင်ခြင်း မရှိသည့်အပြင် အခြားတစ်နေရာမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် စစ်ဆေး တွေ့ရှိရ၍ စကုနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း
စကုနယ်မြေ ရဲစခန်းမှ သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment