Monday, April 6, 2020

မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် အကာသို့ ကူးစက်၍ မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ်တစ်လုံးနှင့် နွားတင်ကုပ်တစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွား



မကွေး ဧပြီလ ၅ ရက်
မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အကာသို့ ကူးစက်၍ မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ်တစ်လုံးနှင့် နွားတင်ကုပ်တစ်လုံးမီးလောင်ဆုံးရှုံးမှုဖြစ်ပွား ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှသိရသည်။
ဖြစ်စဉ်မှာ ဧပြီလ (၅)ရက် နံနက် (၇နာရီ၄၅) မီးနစ်အချိန်က မကွေးမြို့နယ် ဖိုလေးလုံး ကျေးရွာအုပ်စု ကျောက်ဆောင်ကုန်းကျေးရွာနေ အိမ်ရှင်ဒေါ်နှင်းယုဝေ (၂၃)နှစ် ၏ (၁၄ × ၁၄ )ပေ ထန်းလက်မိုးထန်းလက်ကာ ဝါးကြမ်းခင်း နေအိမ်တွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် အကာသို့ကူးစက်၍မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှုကို မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှတိုင်းဦးစီးမှူး ဦးအောင်ဝင်းစိန် ဦးစီး၍မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး မီးငြှိမ်းသတ ် ယာဉ် (၁)စီး မီးသတ်ရေသယ်ယာဉ်(၂)စီး water Mist ယာဉ်တစ်စီး အထောက်အကူပြုယာဉ် တစ်စီး မြို့သစ်မြို့နယ် လေတိုင်စင်မီးသတ် စခန်းမှ လက်ထောက်ဦးစီးမှူး ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်(၆)ဦး မီးငြှိမ်းသတ်ယာဉ်(၁)စီး မီးသတ်ရေသယ်ယာဉ်(၁)စီး ပေါင်း(၇)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့သဖြင့် နံနက်(၈နာရီ၁၅မီးနစ်)အချိန်မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှသိရသည်။
မီးလောင်မှုကြောင့် (၁၄ ×၁၄ )ပေ ထန်းလက် မိုးထန်းလက်ကာ ဝါးကြမ်းခင်း နေအိမ်တစ်လုံး(၃၅၀၀)ကျပ် (၂၄ × ၁၁)ပေ သွပ်မိုးအကာမပါ မြေစိုက်နွားတင်ကုပ်တစ်လုံး (၅၀၀၀)ကျပ် မီးလောင်ခံရ စုစုပေါင်ခန့်မှန်း ဆုံးရှုံးမှုတန်ဖိုး (၄၀၀၀၀)ကျပ်ဖြစ်ပြီး လူ နှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာသေဆုံးခြင်းမရှိကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပါတ်သက်ပြီး အိမ်ရှင်ဒေါ်နှင်းယုဝေ အား မကွေးမြို့နယ်ညောင်ကန်နယ်မြေရဲစခန်း မှအမှုဖွင့်အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment