မင်းဘူး ဧပြီ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမင်းသန့် နှင့် အဖွဲ့ဝင်များသည် မင်းဘူးမြို့မရဲစခန်းအပိုင်
နယ်မြေအတွင်းရှိ ကျေးရွာအုပ်စု ၁၉ အုပ်စု တို့တွင်
အခြေခံစားသောက်ကုန်
၅ မျိုး ဖြန့်ဝေပေးနေခြင်း ဆောင်ရွက်မှုများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က
လိုက်လံကြည့်ရှုခဲ့ကြောင်း
သိရှိရသည်။
ထိုသို့
အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ကြက်သွန် အစရှိသည့် ပစ္စည်း ၅ မျိုးအား ဖြန့်ဝေပေးနေခြင်းကို
သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊
ရွာခွဲ တာဝန်ခံများ၊ ဆယ်အိမ်မှူးများမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင်
အခြေခံလူတန်း စားများအား ဖြန့်ဝေပေးခဲ့ကြကြောင်း
သိရသည်။
သင်္ကြန်ကာလအတွင်း
ပုံမှန်ဝင်ငွေမရှိသော
အခြေခံလူတန်းစားများ အဆင်ပြေစေ ရေးအတွက် နိုင်ငံတော်မှထောက်ပံ့ပေးသော
ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ကြက်သွန် အစရှိသော စားသောက်ကုန်ပစ္စည်း ၅ မျိုး ဖြန့်ဝေပေးရာနေရာများသို့
မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမင်းသန့်၊ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးအောင်ကြည်မြင့်၊
မင်းဘူး မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော် တို့မှ လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း မင်းဘူးမြို့မ ရဲစခန်းမှ သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment