မင်းဘူး ဧပြီ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်၊ မင်းဘူး-စကုကားလမ်း၊
“ကိုလတ်နှင့်
သားများ” လေထိုးကျွတ်ဖာဆိုင်အနီးတွင်
ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က ယာဉ်နောက်ဆုတ်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ
သိရှိရသည်။
ဖြစ်စဉ်မှာ မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်၊ မင်းဘူး-စကုကားလမ်း “ကိုလတ်နှင့် သား များ” လေထိုးကျွတ်ဖာဆိုင်အနီးတွင်
မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်နေသူ ဉီးအဂ္ဂ (ကိုရင်ကြီး)၊ အသက် ၅၇ နှစ်၊ ဝါ ၁၅ ဝါ၊ သာသနာဝင်အမှတ်(မရှိ)၊ ယွန်းကျောင်းတိုက်၊ တစ်ပါးတည်း (အနောက်မှအရှေ့) မောင်းနှင်လာသည့် TOYOTA CHASER 6J/3315
အဝါရောင်ယာဉ်သည်
အရှိန်ဖြင့် နောက်ဆုတ်ရာမှ မင်းဘူး-စကု ကားလမ်းအတိုင်း စကု ဘက်မှမင်းဘူးဘက်သို့ (မြောက်မှတောင်) မောင်းနှင်လာသည့် ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်း ကျေးရွာ၊ ယာဉ်မောင်း အောင်လင်းသူ ၃၄ နှစ်၊ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ရှိုင်းလင်းထွန်း ၁၂ နှစ်၊ သန့်ဇင်ဖြိုး အသက် ၁၇ နှစ်၊ ခန့်ဝေဖြိုး အသက် ၁၇ နှစ်၊ ကုန်းဇောင်းကျေးရွာ လိုက်ပါလာသည့် 7I/2780 NISSAN
ATIAS အဖြူရောင်ယာဉ်၏ ယာဘက်ခြမ်းနောက် ဘော်ဒီအား ဝင်ရောက်တိုက်မိခဲ့ပြီး
ယာဉ်မှာလမ်းဝဲဘက်ခြမ်းသို့
တိမ်းမှောက်ခဲ့ကြောင်း
သိရသည်။
ယာဉ်တိမ်းမှောက်ခဲ့မှုကြောင့်
အောင်လင်းသူ တွင် ယာခြေဝတ်နာကျင်ဒဏ်ရာ၊
ဝဲ လက်ဖဝါးပေါက်ပြဲဒဏ်ရာ၊
ရှိုင်းလင်းထွန်း တွင် ဝဲဒူးပွန်းဒဏ်ရာ၊ ဝဲလက်ကောက်ဝတ် ပွန်းပဲ့ ဒဏ်ရာ၊ သန့်ဇင်ဖြိုး တွင် ယာဒူးပွန်းဒဏ်ရာ၊ ယာတံတောင်ဆစ်
ပွန်းပဲ့ဒဏ်ရာ၊ ခန့်ဝေ ဖြိုးတွင် ဝဲ/ယာ ဒူးပွန်းပဲ့ဒဏ်ရာ၊
ယာခြေသန်း ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)တို့ အသီးသီး ရရှိခဲ့ သဖြင့် မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ
ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ အမှတ် ၁၈ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ
ဒုရဲအုပ် နေလင်းနှင့်အဖွဲ့၊ မင်းဘူးမြို့မရဲစခန်းမှ
နယ်ထိန်းအရာရှိ ဒုရဲအုပ်ကျော်ငြိမ်းနှင့်အဖွဲ့၊
အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဉီးစိန်သောင်းနှင့် အဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ကြောင်း
သိရှိရပြီး၊ ယာဉ်အားမဆင်မခြင် မောင်းနှင်းပြီး လမ်းမကြီးပေါ်သို့ အရှိန်ပြင်း နောက်ဆုတ် ရာမှ ယာဉ်တိုက်မှုဖြစ်စေပြီး
လူအား ဒဏ်ရာရရှိစေသူ ဉီးအဂ္ဂအား အရေးယူအမှုဖွင့် ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။ ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment