Friday, April 3, 2020

တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင် စေတီတော်မြတ်ကြီး အား ဝင်ရောက်ဖူးမြှော်ခြင်း ယာယီရပ်ဆိုင်း


တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင် စေတီတော်မြတ်ကြီး အား ဝင်ရောက်ဖူးမြှော်ခြင်း ယာယီရပ်ဆိုင်း

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင် စေတီတော်မြတ်ကြီး အား ဧပြီလ(၁)ရက်နေ့မှစတင်ပြီး ဘုရားဖူးများဝင်ရောက်ဖူးမြှော်ကြည်ညိုခြင်းများ ယာယီရပ်ဆိုင်းထားပြီဖြစ်ကြောင်း သိရပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက(၁၁.၃.၂၀၂၀)ရက်နေ့တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ်သတ်မှတ်ကြေငြာထားခဲ့တဲ့ Covid-19 ကြောင့်ဖြစ်ပွားသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါကို ကာကွယ်ထိန်းချုပ်တဲ့အနေနှင့် ဘုရားဖူးလာရောက်ကြသူများ ဘေးကင်းလုံခြုံစေရေးအတွက် လက်ရှိဖွင့်လှစ်ပေးထားတဲ့ စောင်းတန်းများအားလုံးကို ပိတ်ထားမှာဖြစ်ကြာင်း၊ယခုလို ယာယီပိတ်ထားဖို့ သက်ဆိုင်ရာကညွှန်ကြားထားတာမရှိပေမယ့် လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ပါဝင်ပူးပေါင်းကူညီခဲ့တာဖြစ်ကြောင်း ဘုရားကြီး
ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှသိပါသည်။
ကျော်ဇေယျာ(တောင်တွင်းကြီး)

0 comments:

Post a Comment