This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, April 30, 2020

မြေလတ်ဂျာနယ် အတွဲ-၆၊ အမှတ်- ၁ နှင့် အမှတ်-၂၊ များကို ဂျာနယ် ၂ စောင်ပေါင်းပြီး ၂၀၂၀ မေလ ၁၆ ရက်နေ့ခန့်မှာ ခရီးသည်တင်ကားများ ထွက်လျင် ဖြန့်ချိပေးပါမည်။



မြေလတ်ဂျာနယ် အတွဲ-၆၊ အမှတ်-   နှင့် အမှတ်-၂၊ များကို ဂျာနယ် စောင်ပေါင်းပြီး ၂၀၂၀ မေလ ၁၆ ရက်နေ့ခန့်မှာ  ခရီးသည်တင်ကားများ ထွက်လျင် ဖြန့်ချိပေးပါမည်။ စတင်၍ ကားဖြင့် တင်ပေးပို့သောနေ့တွင် မကွေးတိုင်းအတွင်းရှိ ၂၆ မြို့နယ်များသို့ ဖုန်းဆက်အကြောင်းကြားပေးပါမည်။
ဂျာနယ် စောင်အား စုပေါင်းထုတ်ဝေရ၍  ဖြန့်ချိရောင်းချပေးသူများနှင့် စာဖတ်ပရိသပ်များကို လေးစားစွာ တောင်းပန်အပ်ပါသည်။ (ထုတ်ဝေသူ)


လည်းကောင်း ဂျာနယ်များတွင် မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်- မှ အမှတ်- ၂၄ အထိထုတ်ဝေခဲ့သော တစ်နှစ်တာ ပထမ၊ ဒုတိယ၊ တတိယ ဆုရစာရင်း အသီးသီးကို ကြေညာပေးထားပါသည်။

အခါအခွင့် သင့်လျင် မြေလတ်ဂျာနယ် နှစ်ပြည့်အခမ်းအနားကျင်းပ၍ ဖိတ်ကြားပြီး ဆုများချီးမြှင့်ပေးပါမည်။ အခမ်းအနား မကျင်းဖြစ်လျှင်လည်း ဆုရသူများထံသို့ အိမ်တိုင်ရာရောက် ဆုများချီးမြှင့်ပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
အယ်ဒီတာချူပ်
မြေလတ်ဂျာနယ် (၀၉-၄၄၀၂၂၅၁၀၀ ၀၉-၇၉၄၅၇၅၀၇၀ )

Wednesday, April 29, 2020

မင်းဘူးမြို့တွင် ထိုင်းနိုင်ငံနှင့် ပြည်ပနယ်စပ်များမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား ၂၁ ရက် Facility Quaranatine ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်




မင်းဘူး          ဧပြီ               ၂၉
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ထိုင်းနိုင်ငံနှင့် ပြည်ပနယ်စပ်များမှ ပြန်လည် ဝင်ရောက်လာမည့်သူများအား ၂၁ ရက် Facility Quaranatine စောင့်ကြည့်နေရာချထားရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ထိုင်းနိုင်ငံနဲ့ ပြည်ပနယ်စပ်များမှ မေ လဆန်းပိုင်းမှာ  ပြန်လည်ဝင်ရောက်လာကြမဲ့ နေရပ်ပြန်ပြည်သူများကို မင်းဘူးမြို့အ..က()ကျောင်းမှာ ၂၁ ရက် Facility Quaranatine စောင့်ကြည့်နေရာ ချထားရေးပြုလုပ်ဖို့အတွက် သက်ဆိုင်ရာကော်မတီဝင်များအားလုံးက ကြိုတင်ပြင်ဆင်ရေး အပိုင်းအနေနဲ့ ကျန်းမာရေး၊ တည်းခိုနေထိုင် စားသောက်ရေးနှင့် အခြားလိုအပ်သည့်ကိစ္စများကို စနစ်တကျ ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားမှာပါ၊ နောက်ပြီးသန့်ရှင်းရေးပိုင်းဆောင်ရွက်မှုအနေနဲ့ နေရပ်ပြန်များထားရှိမဲ့ အဆောင်တွေမှာ ဆောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အခင်းကအစ လျော်ဖွတ်သန့်စင် နေလှန်းတာတွေ ပြုလုပ်ပြီး တစ်ခန်းဝင် တစ်ခန်းထွက် မီးသတ်ရေယာဉ်နဲ့ ရေဆေးသန့်ရှင်းရေး ပြုလုပ်တာတွေနဲ့ အသိပညာပေး နံရံကပ်ပိုစတာများ တပ်ဆင်ဆောင်ရွက်မှုအားလုံးကို ကော်မတီအဖွဲ့ဝင် တွေနဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်ဟု ၂၁ ရက် Facility Quaranatine စောင့်ကြည့်နေရာချထားမှု ကြီးကြပ်ရေးအဖွဲ့ ဉက္ကဌ မင်းဘူးမြို့နယ်မီးသတ် ဦးစီးမှူး ဦးစိန်ထွန်းးက ပြောပါသည်။

          အဆိုပါဆောင်ရွက်မှုများအားလုံးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊  စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)

Tuesday, April 28, 2020

ဒေါက်တာမြင့်မြင့်စိန် (မေ့ဆေးအထူးကု ဆရာဝန်ကြီး) အား ဂုဏ်ပြုသောအားဖြင့် မင်းဘူးပြည်သူ့ဆေးရုံကြီးသို့ ငွေကျပ်သိန်း(၂၀) တန်ဖိုးရှိ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှာဖွေရေးစက်ပစ္စည်း လာရောက်လှူဒါန်း




မင်းဘူး          ဧပြီ               ၂၃
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပြည်ဆေးရုံမှ မေ့ဆေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်အား ဂုဏ်ပြုသောအားဖြင့် မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ငွေကျပ်သိန်း(၂၀) တန်ဖိုးရှိ Covid-19ရောဂါ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါရှာဖွေရေးစက်ပစ္စည်း Video Assisted Laryngoscope Unit (For COVID-19) လာရောက်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

          အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှာဖွေရေးစက်ပစ္စည်း အသုံးဝင်ပုံကတော့ ပုံမှန်အတိုင်း ကြည့်မယ်ဆိုရင် မေ့ဆေးကုသရေး ဆရာဝန်ကြီးများ ကုသစစ်ဆေးတဲ့အခါမှာ မျက်နှာနဲ့ ကပ်ပြီးစစ်ဆေးရပါတယ်၊ အဲဒီအတွက် လူနာထံမှ ရောဂါကူးစက်နိုင်ခြေ တော် တော်များပါတယ်၊ အခုလာရောက်လှူဒါန်းတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ရှာဖွေရေးစက်ပစ္စည်းကတော့ Screen မှ ကြည့်ရှုစစ်ဆေးရတဲ့အတွက် ရောဂါကူးစက်နိုင်ခြေ နည်းပါတယ်၊ ယခုစက်ပစ္စည်းက ရောဂါရှာဖွေတဲ့နေရာမှာလည်း အသုံးဝင်သလို၊ Covid-19 ကမ္ဘာ့ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး  ကာလကျော်လွန်ပြီးနောက်တွင် လည်း အသက်ရှုလမ်းကြောင်းဆိုင်ရာ လူနာများကို ဆက်လက်အသုံးပြုသွားမှာ ဖြစ်တဲ့ အတွက် များစွာအထောက်အကူပြုပါတယ်၊ မင်းဘူးမြို့တွင်လည်း ပြည်ပမှပြန်လည် ဝင်ရောက်လာသူများအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီးတော့ နိုင်ငံ တော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါတယ် ဟု မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောပါသည်။
          ယခုလို လာရောက်လှူဒါန်းဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ပြည်မြို့မှာဖြစ်သွားတဲ့ ဒေါက်တာမြင့်မြင့်စိန် (မေ့ဆေးအထူးကု ဆရာဝန်ကြီး)တင်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာ Facebook Page မှာ ဒီပစ္စည်းလေးအကြောင်း တင်ထားတာတွေ့လိုက်ရပါတယ်၊ အဲဒီ Page မှာ  အခုလှူဒါန်းလိုက်တဲ့ စက်ပစ္စည်းမျိုးမရှိဘဲနဲ့ လူနာကို ကရုဏာသက်ပြီးတော့ မိမိ ကိုယ်ကြိုးမငဲ့ကွက်ဘဲနဲ့ သူ့ရဲ့ကာကွယ်ရေးမှန် လှပ်ကြည့်ပြီး စစ်ဆေးလိုက်တဲ့အခါမှာ ကူးစက်ခံခဲ့ရတာပါ၊ အဲဒီအတွက် ဒီကိရိယာလေးသာရှိခဲ့မယ်ဆိုရင် သူ့ဒီလိုမျိုးကူးစက် ခံရမှာမဟုတ်ပါဘူး၊ ကုသရေးဆေးရုံတွေမှာ ဒီလိုပစ္စည်းတွေလိုအပ်တယ်လို့ ဆရာမကြီးက သူ့ရဲ့လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာ တင်ထားတာတွေ့လိုက်ရပါတယ်။ ကျွန်တော်ကိုယ်၌ကလည်း ပန်းနာ၊ ရင်ကျပ် ရောဂါခံစားဘူးတဲ့အတွက် ဒီရောဂါ ဖြစ်ပြီဆိုရင် အသက်ရှုရတာ တအားခက်ခဲတဲ့ဒုက္ခကို ကျွန်တော်ကောင်းကောင်း သိထားပါတယ်၊ အဲလိုနဲ့ မင်းဘူးဆေးရုံကြီးမှာ ဒီပစ္စည်းလေး မရှိဘူးဆိုတာသိလိုက်ရတော့ ဒါလေးကို ကျွန်တော်တို့ မိသားစုက လှူခြင်းတယ်ဆိုပြီး  ကိုယ်ချင်းစာစိတ်နဲ့ အကျိုးရှိမယ်လို့ ကိုယ်ကိုတိုင်ခံစားမိပြီး လှူဒါန်းဖြစ်သွားတာပါ၊ နောက်ပြီးတော့ ဆရာမကြီး ဒေါက်တာ မြင့်မြင့်စိန် (မေ့ဆေးအထူးကု ဆရာဝန်ကြီး)ကို ဂုဏ်ပြုတဲ့အနေနဲ့လည်း လှူဒါန်းခြင်းဖြစ်ပါတယ်လို့ အလှူရှင် ဦးခင်မောင်ချိုက ပြောသည်။
          ဆက်လက်၍ မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာမေလဲ့ထွန်းက ယခု ရောဂါရှာဖွေရေး ပစ္စည်းကိရိယာနဲ့ လူနာလည်ချောင်း ထဲကိုထည့်ပြီး ရောဂါ ရှိ/မရှိ Screenမှ ကြည့်ရမှာ ဖြစ်တဲ့အတွက် များစွာအသုံးဝင်ပါကြောင်း၊ လှူဒါန်းရရှိသောစက်ပစ္စည်းနှင့်ပတ်သက်၍ အသုံးပြုပုံ အသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့ ပြီး၊ ခရိုင်ဆေးရုံအုပ်ကြီးမှ အလှူရှင်ဖြစ်ကြသော မင်းဘူးမြို့၊ အောင်လံဆီစက်()၊ လူသုံး ကုန်ပစ္စည်းမျိုးစုံရောင်းဝယ်ရေးမှ ဦးခင်မောင်ချို+ဒေါ်ခင်မာချိုု မိသားစုထံ ဂုဏ်ပြုမှတ်တမ်း လွှာ ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
          အဆိုပါ လှူဒါန်းပေးအပ်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဉီးတင်အောင်ထွန်း၊     တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးကျော်စွမ်းရည်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းဌေး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်နှင့် အထူးကုဆရာဝန်ကြီးများ၊ ဒုခရိုင်အုပ်ချုပ် ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အလှူရှင်မိသားစုနှင့် ဌာနဆိုင်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
          ကျော်စိုးဝင်း(မင်းဘူး)၊ မောင်မောင်(မင်းဘူး)

ညောင်ဦးမြို့ ယာယီပျံကျဈေးဖွင့်လှစ်ထားရှိသည့် ပြည်သူ့အားကစားကွင်းနှင့် ရွှေစည်းခုံဘုရား ပွဲဈေးတန်းကွင်းပြင်အား ပိုးသတ်ဆေးဖျန်း




ညောင်ဦး       ဧပြီ       ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကူးစက် ပြန့်ပွားမှု မရှိစေရေး ယာယီပျံကျဈေးအဖြစ် ပြောင်းရွေ့ဖွင့်လှစ်ထားရှိသည့် ပြည်သူ့အားကစားကွင်းနှင့် ရွှေစည်းခုံဘုရား ပွဲဈေးတန်းကွင်းပြင်အား သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေး အဖွဲ့ချုပ် ပရဟိတအသင်းများမှ ယမန်နေ့ ညနေ ၅:၀၀ နာရီအချိန်က  ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ ကြောင်း သိရသည်။



အဆိုပါ ပိုးသတ်ဆေးဖျန်းနေရာသို့ ခရိုင်/မြို့နယ် ဌာနပေါင်းစုံမှ တာဝန်ရှိသူများ၊ ပရဟိတ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သားများ လာရောက်ပြီး ဝန်းရံကူညီ ဆောင်ရွက် ပေးခဲ့ကြသည်။  ထိုပြင် ညောင်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဘုရားစေတီပုထိုးများနှင့် သာသနာနိက အဆောက်အအုံများ၊ ရပ်ကွက်များအတွင်းရှိ လမ်းများ၊ လူစည်းကားရာနေရာများ        တွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ် ပရဟိတအသင်း များမှ ဦးခိုင်လင်းမောင်က ပြောပြ၍သိရသည်။

 ကျော်မင်းဦး(ရေနံချောင်း)