Monday, March 23, 2020

မကွေးမြို့ပေါ်ကစျေးများ အလှည့်ကျပိတ်မည် ဆိုသည့်သတင်းမှာ ကောလဟာလ သတင်း သာဖြစ်သည်ဟု မကွေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့တာဝန်ရှိသူပြောကြား


မကွေး မတ်လ ၁၉ ရက်
မကွေးမြို့ပေါ်ကစျေးများ (၃) ရက်အလှည့်ကျ ပိတ်မည် ဆိုသည့်သတင်းမှာ ကောလဟာလ သတင်းသာဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယ ညွှန့်ကြားရေးမှူး ဦးကျော်သူကပြောသည်။
မကွေးမြို့ပေါ်စျေးများ (၃) ရက်အလှည့်ကျ ပိတ်မည်ဆိုသည့် သတင်းမှာ မကွေးမြို့ပေါ်တင် သာမက မကွေးမြို့နယ် အတွင်းရှိ ကျေးရွာ အချို့၌ ယင်းသတင်းများ ပျံ့နှံ့မှုအပေါ် မတ်လ(၁၉) ရက်နေ့က မကွေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန့်ကြားရေးမှူး ဦးကျော်သူ ထံသွား ရောက်မေးမြန်းရာ ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ် သည်။
အဆိုပါကောလဟာလများကြောင့် တစ်ချို့ ပြည်သူများမှာ မဖြစ်မနေလိုအပ်သည့် ဆန် ဆီ ဆား ငရုပ် ကြ က်သွန်တို့ကို ဝယ်ယူစုဆောင်းမှု များရှိကြောင်းသိရသည်။

"စေျးတွေပိတ်မယ်ဆိုတဲ့သတင်းက မဟုတ် ပါဘူး ဘာညွှန်ကြားချက်မှလည်းထုတ် ထားတာမရှိပါဘူး ပုံမှန်အတိုင်းဖွင့်နေပါတယ် ပြည်သူတွေ မစိုးရိမ်ပါနဲ့ "ဟု မကွေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန့်ကြားရေးမှူး ဦးကျော်သူက ပြောသည်။
စျေးတွေသုံးရပ်ပိတ်ပြီးအလှည့်ကျဖွင့်မယ်ဆိုပြီး အသံတော့ကြားတယ် ဟုတ်မဟုတ်တော့ မသိဘူး အဲ့ဒါကြောင့် ဆန် ငရုပ်သီး ငါးခြောက်တွေတော့ ဝယ်ထားမယ်စိတ်ကူးထားတယ် ဟု မကွေးမြို့ ဒေသခံတစ်ဦးကပြောသည်။
"ဈေးတွေပိတ်မယ်ဆိုတာမမှန်သတင်းဖြန့်နေကြတာပါ၊ဈေးတွေပိတ်ဖို့ဆိုတာစည်ပင် အနေနဲ့မ ရှိသေးပါဘူး၊ကျွန်တော်အထင်ပြောရရင်တော့ တစ်ချို့‌ဈေးသယ်များရဲ့မတော်လောဘပေါ့၊မမှန်သတင်းလွှင့်ပြီးတော့သူတို့ရဲ့စီးပွားရေးရှာကြတဲ့သူတွေလဲပါမှာပါ၊ပြည်သူတွေအနေနဲ့နား မယောင်ဖို့လိုပါတယ်၊တစ်ကယ်လို့ပိတ်မယ် ဆိုရင်လဲတိုင်းအစိုးရအနေနဲ့ညွှန်ကြားချက်ထွက်လာမှစီမံမှာပါ၊လတ်တစ်လောတော့ပိတ်ဖို့ အစီအစဉ်မရှိပါဘူးဟုမကွေးမြို့နယ်စည်ပင်ကော်မတီဥက္ကဌဦးဖိုးနီကပြောသည်။
မကွေးမြို့ပေါ်တွင် မြို့မစျေး ရန်ပယ်စျေး ရန်ကင်းစျေး ကန်သာစျေး မင်္ဂလာစျေး ပြည်တော်သာစျေး စသည့်စျေးများ ရှိကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment