Monday, March 23, 2020

တရုတ်ပြည်ကပြန်လာသူတစ်ဦး ချောင်းဆိုး ၊အဖျားရှိခြင်းတို့ကြောင့် မင်းဘူးမြို့ပြည်သူ့ ဆေးရုံကြီးတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် လူနာအဖြစ် ကုသနေ


မင်းဘူး မတ်လ (၁၄)ရက်
တရုတ်ပြည်ကပြန်လာသူ အမျိုးသားတစ်ဦး
ချောင်းဆိုး ၊အဖျားရှိခြင်းတို့ကြောင့် မင်းဘူး မြို့​
ပြည်သူ့ဆေးရုံကြီးတွင် မတ်လ(၁၄)ရက်နေ့က
ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ်
သီးသန့်ကုသဆောင်တွင် ကုသပေးနေကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါလူနာမှာ တရုတ်ကပြန်လာသည့်သူဖြစ်ပြီး ချောင်းဆိုး ၊အဖျားရှိခြင်းတို့ကြောင့် စောင့်ကြည့်လူနာအဖြစ် မင်းဘူးဆေးရုံကြီးမှာ သီးသန့်ဆေးကုသပေးနေပြီး လိုအပ်သည့် စစ်ဆေးမှုတွေဆောင်ရွက်နေကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာခင်မောင်သန်း ကပြောသည်။
“မင်းဘူး စကုမြို့နယ်ထဲက ကျေးရွာတစ်ရွာက အမျိုးသားတစ်ဦး (၃)လပိုင်း (၂)ရက်နေ့က တရုတ်ပြည်ကပြန်လာတယ် အဲ့ဒီလူနာက မန္တလေးတိုင်းထဲကရွာတစ်ရွာကိုဝင်ခဲ့သေးတယ် မနေ့ကမှ ဒီဘက်ကိုပြန်ရောက်တာ ဒီလူနာကို လိုအပ်လို့ အစကတဲ့ကစစ်ဆေးမူတွေ လိုက် ကြည့်နေတယ် အခုလိုအပ်လို့ ဒီနေ့ဆေးရုံ ခေါ်တင်တယ် ကျွန်တော်တို့လုပ်ထုံးလုပ်နည်း အတိုင်းဘဲလုပ်နေပါတယ် ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူးဒေါက်တာခင်မောင်သန်းကပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ စောင့်ကြည့် လူနာနှစ်ဦးရှိခဲ့ရာမှ ၎င်းနှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးမရှိ အဖြေထွက်ပြီးသာဖြစ်ကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment