Monday, March 23, 2020

မန်းရွှေစက်တော်ဘုရားပွဲတော် အချိန်မတိုင်ခင် ပိတ်သိမ်းရသည့်အတွက် ဘုရားကြီးတွင် လုပ်ငန်းလုပ်ကိုင်သည့် တင်ဒါလုပ်ငန်းရှင် များကို (၆၀) ရာခိုင်နှုန်းပြန်ပေးမည်


မကွေး မတ်လ ၁၆
မန်းရွှေစက်တော်ဘုရားပွဲတော် အချိန်မတိုင်ခင် ပိတ်သိမ်းရသည့်အတွက် ဘုရားကြီးတွင်လုပ်ငန်း လုပ်ကိုင်သည် တင်ဒါလုပ်ငန်းရှင် များကို (၆၀) ရာခိုင်နှုန်းပြန်ပေးမည်ဖြစ်ကြောင်း မန်းရွှေစက် တော် ဘုရားဂေါပက ဥက္ကဌက ပြောသည်။
မတ်လ(၁၆) ရက်နေ့က မကွေးမြို့ ​​​ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်းတွင် သြဝါဒဆရာ တော်ကြီးများ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ဂေါပကအဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်၍ အတည်ပြုဆုံးဖြတ် ခဲ့ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားသုံးထပ်ဆောင်မှာ မတ်လ (၁၇) ရက်နေ့မှ စတင်ကာ မန်းရွှေ စက်တော်ဘုရားပွဲမှာ လုပ်ငန်းလုပ်ပိုင်ခွင့်ရရန် တင်ဒါစပေါ်တင်ထားသည့် လုပ်ငန်းရှင်များကို (၆၀)ရာခိုင်နှုန်းပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ်မန်းရွှေစက်တော်ဘုရာကြီးတွင် စျေးဆိုင်(၁၀၀၀) ကျော် ၊တည်းကျောင်း လုပ်ငန်းရှင်(၁၀၀) ကျော်၊ရေချမ်းစင်၊ ညောင်ထောက်၊ ကန်တော့ပွဲ၊ ဖိနပ်ထိန်း၊ ရေစီးဘော၊ သန့်စင်ခန်း ၊ဓာတ်ပုံ စုစုပေါင်း ၃၈ ဦး စသည့် လုပ်ငန်းလုပ်ကိုင်သူများကို (၆၀) ရာခိုင်နှုန်း ပြန်ပေးရမည့်ငွေ ကျပ်သိန်းပေါင်း (၆၀၀၀) ကျော် ပြန်ပေးရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀မန်းရွှေစက်တော်ဘုရားပွဲတော်ကိုဇန်နဝါရီလ ၂၉ရက်နေ့မှ ဧပြီလ၁၇ရက်နေ့အထိ ရက်ပေါင်း ၈၀ ကြာကျင်းပရန်စီစဥ် ထားသော ပွဲတော်ကြီးဖြစ်သော်လည်း ပွဲတော်ကာလ (၄၄)ရက်သာကျင်ပနိုင်ခ့ဲကြောင်းသိရသည်။
ကိုရိုနာ ဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမားရေးအဖွဲ့ကြီး WHO က ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ အဖြစ်ထုတ်ပြန်သဖြင့် ကြိုတင်ကာကွယ်မှုအ​​နေနှင့်ပြည်ထောင်စု အစိုးရအဖွဲ့က မတ်လ (၁၂)ရက်နေ့ကပြုလုပ် သည့် အစည်းအဝေးမှာ မည်သည့်ပွဲလမ်း သဘင်ကိုမှခွင့်မပြုဘူးဆိုသည့် ညွှန်ကြား ချက်ကြောင့် မတ်လ(၁၃) ရက်နေ့မှ စတင်ကာ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ပိတ်သိမ်းခြင်းဖြစ်သည်။
သတင်း ဇာမဏီ

0 comments:

Post a Comment