Thursday, March 5, 2020

တရားမဝင် ရေနံချက်ဖိုများကို မကွေးတိုင်း ဒေသကြီး သယံဇာတ၊သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဝန်ကြီးကိုယ်တိုင် ကွင်းဆင်းဖမ်းဆီးရာမှ ပိုင်ရှင်မဲ့ တရားမဝင် ရေနံချက်ဖို ၅ ဖို ဖမ်းဆီးရမိ

တရားမဝင် ရေနံချက်ဖိုများကို မကွေးတိုင်း ဒေသကြီး သယံဇာတ၊သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဝန်ကြီးကိုယ်တိုင်
ကွင်းဆင်းဖမ်းဆီးရာမှ ပိုင်ရှင်မဲ့ တရားမဝင် ရေနံချက်ဖို ၅ ဖို ဖမ်းဆီးရမိ

မင်းလှ မတ်လ ၅ ရက်

တရားမဝင် ရေနံချက်ဖိုများကို မကွေးတိုင်း ဒေသကြီး သယံဇာတသဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဝန်ကြီးကိုယ်တိုင်
ကွင်းဆင်းဖမ်းဆီးရာမှ နေရာ ၄ နေရာမှ ပိုင်ရှင်မဲ့ တရားမဝင် ရေနံချက်ဖို ၅ ဖို တွေ့ရှိပြီး ပစ္စည်းတွေကို သိမ်းစည်းရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး သယံဇာတ၊သဘာဝ ပတ်ဝန်းကျင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

အဆိုပါတရားမဝင်ရေနံချက်ဖိုများကို မကွေးတိုင်းဒေသကြီး၊မင်းလှမြို့နယ်၊ရေနံမနယ် မြေအတွင်း မတ်လ (၅ရက်၇နာရီ၃၀မီနစ်) အချိန်ခန့်က ရှောင်တခင် ဝင်ရောက်ဖမ်းဆီးရာမှ တွေ့ရှိခဲ့ကြောင်းသိရသည်။
တရားမဝင်ရေနံချက်ဖို​တွေကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းဖမ်းဆီးတဲ့အချိန်မှာ သတင်းပေါက်ကြားမူ​တွေရှိတဲ့အတွက် တိုင်းဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှူနဲ့ တိုင်းဝန်ကြီး ချုပ်ရဲ့ လုံခြုံရေးတွေနဲ့ ရှောင်တခင် ဝင်ရောက ် ဖမ်းဆီး ခဲ့တာဖြစ်တယ်လို့ မကွေးတိုင်း ဒေသကြီး သယံဇာတ၊သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

ယင်းဖမ်းဆီးရာမှာ ဆိုင်ကယ် သုံးစီး ဟန်းဖုန်း ၂ လုံးနဲ့ ရေနံအရိုင်းဆီပေပါ (၃၅) လုံး ရေနံပေပါ (၇၂)လံုး စုစုပေါင်းရေနံပေပါ(၁၀၇)လံုး တွေ့ရှိ သဖြင့် သက်သေခံပစ္စည်းသိမ်းဆည်းပြီး ရေနံနဲ့ ရေနံထွက်ဆိုင်ရာဥပဒေပုဒ်မ၃၇အရရေနံမနယ်မြေစခန်းတွင်အမှုဖွင့်ထားကြောင်းသိရသည်။
ပြည်သူလူထုကို အဆင့်အတန်းမှီတဲ့ စက်သုံးဆီး သုံးစွဲနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အတွင်းမှာ ရေနံချက်စက်ရုံ ငါးခုကို ခွင့်ပြုထားတယ်လို့ မကွေးတိုင်း ဒေသကြီး သယံဇာတသဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဝန်ကြီး ဦးမြင့်ဇော် ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ (၂၀၂၀) ခုနှစ် နှစ်လကျော်အတွင်းတရားမဝင်ရေနံချက်ဖို စုစုပေါင်း (၉)ဖို ဖမ်းဆီးရမိကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment