Sunday, March 22, 2020

မင်းဘူး-ပဒါန်း ကားလမ်းမပေါ်တွင ် အထောက် အထားမဲ့ ဝင်ရောက်လာကြသော ဘင်္ဂါလီ (၆)ဦးအားဖမ်းဆီးရမိ

Myaylatt Daily
မင်းဘူး-ပဒါန်း ကားလမ်းမပေါ်တွင
် အထောက် အထားမဲ့ ဝင်ရောက်လာကြသော ဘင်္ဂါလီ (၆)ဦးအားဖမ်းဆီးရမိ

မကွေး မတ်လ(၂၁)ရက်

မတ်လ(၂၁)ရက်နေ့ နံနက်(၅)နာရီ(၄၅)မိနစ် အချိန်ခန့်က မကွေးတိုင်းဒေသကြီးမင်းဘူး-ပဒါန်း ကားလမ်းမပေါ်တွင် အထောက်အထားမဲ့ ဝင်ရောက်လာကြသော ဘင်္ဂါလီ (၆)ဦးအား ဖမ်းဆီးရမိကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးမှူး ရဲအုပ် မျိုးလွင် ဦးစီးပြီး တပ်ဖွဲ့ဝင်(၄)ဦး မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်းမှ နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်မင်းဦး ဦးစီးပြီးတပ်ဖွဲ့ဝင်(၄)ဦး မင်းဘူးမြို့ နယ် စကုနယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးသက်ထွန်း ဦးစီးပြီး တပ်ဖွဲ့ဝင် (၃)ဦး တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် ငဖဲမြို့နယ်ဘက်မှ အထောက်အထားမဲ့ တရားမဝင် ဘင်္ဂါလီများ ဝင်ရောက်လာကြောင်း သတင်းရရှိသဖြင့် မင်းဘူး-ပဒါန်း သွား ကားလမ်းမပေါ်တွင် စုံစမ်းရှာဖွေမှုများပြု လုပ်ဆောင်ရွက်ခဲ့ကြရာ မင်းဘူး-ပဒါန်း ကားလမ်း မိုင်တိုင်အမှတ်(၁၈/၃) နှင့်(၁၈/၄) အကြားတွင် ရခိုင်ပြည်နယ်ဘက်မှ အထောက် အထားမဲ့ တရားမဝင် ဝင်ရောက်လာကြသော ဘင်္ဂါလီ(၆)ဦးအားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါအထောက်အထားမဲ့ ဝင်ရောက်လာသူ များမှာ မူဟာမက်ဆော်ဟတ်(၂၈)နှစ် ဖိုက်သဲရတ်​ကျေးရွာ/အုပ်စု ကျောက်တော်မြို့ နယ်၊ လိပ်စာတူများဖြစ်ကြသော မူဟာမက်နာဆဲရ် (၁၆)နှစ်၊ မူဟာမတ်ဇူဘဲရ် (၁၇)နှစ်၊ မရိုဟီဟာ(၂၁)နှစ်၊ မူမတ်နူရ်(၁၉)နှစ် ဝကင်းကျေးရွာ/အုပ်စု ကျောက်တော်မြို့နယ်၊
လိပ်စာတူ မူဟာမတ်ဟူဆိုန်(၁၉)နှစ်၊ ကျား(၅)ဦး မ(၁)ဦးအား တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် တာဝန်ရှိသူများက စစ်ဆေးမှုများပြု လုပ်ဆောင်ရွက်ခဲ့ကြောင်းသ်ိရသည်

အဆိုပါအထောက်အထားမဲ့ဝင်ရောက်လာကြသော ဘင်္ဂါလီ(၆)ဦးမှာ ၂-၃-၂၀၂၀ရက်နေ့ နံနက်(၄)နာရီခန့်က ကျောက်တော်မြို့မှ အမ်းတောင်ခြေသို့ စက်လှေ စီးကာ(၂)ရက်ကြာ ထွက်ခွာလာခဲ့ကြပြီး ၎င်းနောက် အမ်းတောင်ပေါ် မှ တောလမ်းအတိုင်း မင်းဘူးမြို့နယ် မင်းဘူး-ပဒါန်း ကားလမ်းသို့ (၁၇)ရက်ကြာ ခြေလျင် လမ်းလျှောက်လာခဲ့ကြကြောင်း ၂၁-၃-၂၀၂၀ရက်နေ့ နံနက်(၄)နာရီခွဲ အချိန်ခန့်တွင် ပဒါန်းဘက်မှ မင်းဘူးဘက်သို့ မောင်းနှင်လာသည့် အမည်မသိ ခရီးသည် တင်ယာဉ်တစ်စီးအား ၎င်းတို့အဖွဲ့မှ တားဆီးလိုက်ပါလာခဲ့ကြကြောင်း အမည်မသိခရီးသည်တင်ယာဉ်မှာ ၎င်းတို့အဖွဲ့အားတင်ဆောင်ကာ ထွက်ခွာလာခဲ့ပြီး မိနစ်(၂၀)ခန့်အကြာတွင် မင်းဘူး-ပဒါန်းသွား ကားလမ်း လေးပင်ကျေးရွာအနီး မိုင်တိုင်(၁၈/၃) နှင့်(၁၈/၄) အကြားသို့ ရောက်သောအခါ အမည်မသိ မော်တော်ယာဉ် မောင်းနှင်သူမှ ရန်ကုန်အဝင်ကို ရောက်ပြီဟု ပြောဆိုကာ မော်တော်ယာဉ်ပေါ်မှ ချထားပေးခဲ့ကာ မော်တော်ယာဉ်မှာ မင်းဘူးဘက်သို့ ဆက်လက် မောင်းနှင်သွားကြောင်း ၎င်းတို့အဖွဲ့ မင်းဘူး-ပဒါန်းကားလမ်းဘေး ရပ်နေစဉ် ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အထောက်အထားမဲ့ဝင်ရောက် လာကြသော ဘင်္ဂါလီ(၆)ဦးအားရခိုင်ပြည်နယ် တောင်ကုတ်မြို့နေ နေလင်းအောင်ဆိုသူမှ တစ်ဦးလျှင် ငွေကျပ်(၃၄) သိန်းနှုန်းဖြင့် ကျောက်တော်မြို့မှ ရန်ကုန်မြို့သို့ အရောက် ပို့ဆောင်ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့သဖြင့် ၎င်းတို့(၆)ဦးမှလည်း နေလင်းအောင် ဆိုသူထံသို့ တစ်ဦးလျှင်ငွေကျပ်(၃၄)သိန်းနှုန်းပေးချေကာ ကျောက်တော်မြို့မှထွက်ခွာလာခဲ့ကြကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် အသေးစိတ်အချက် အလက်များ ရရှိနိုင်ရန် ဆက်လက်စစ်ဆေးမှုများ ပြု လုပ်ဆောင်ရွက်နေကြောင်းသတင်းရရှိသည်။

သတင်း ဇာမဏီ

0 comments:

Post a Comment