Monday, March 2, 2020

မန်းရွှေစက်တော်ဘုရားသြဝါဒစရိယဆရာတော် ကြီးများက ဘုရားဖူးလာ ပြည်သူများ ကပ်ဘေးအန္တရာယ် ကင်းဝေးစေဖို့အတွက် မန်းရွှေစက်တော်ဘုရားမှာ ရတနာသုတ် ပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်


မင်းဘူး မတ်လ ၂ ရက်
မန်းရွှေစက်တော်ဘုရားသြဝါဒစရိယဆရာတော်
ကြီးများက ဘုရားဖူးလာ ပြည်သူများ ကပ်ဘေးအန္တရာယ် ကင်းဝေးစေဖို့အတွက် မတ်လ (၁)ရက်နေ့ ညပိုင်းက မန်းရွှေစက်တော်
ဘုရားအောက်ခြေတော်ရာမှာ ရတနာသုတ် ပရိတ်တော် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့မှသိ ရသည်။

မတ်လ(၂)ရက်နေ့ နံနက်ပိုင်း ကလည်း
အောက်ခြေတော်ရာမှာ စက်လက္ခဏာ ၁၀၈ ကွက်ကိုရည်ရွယ်ပြီး ဆွမ်းပွဲ၁၀၈ပွဲ၊သစ်သီး၉မျိုး၊ပန်း၉မျိုး၊မြေ၉ကွက်၊ရေ၉ခွက်ကပ်ကာ ဘုရားအနေကဇာတင်ခဲ့ကြောင်း သြဝါဒစရိယ အဖွဲ့မှ ဆရာတော်ဦးခမာစာရက မိန့်ကြားခဲ့သည်။

ပရိတ်တရားတော် ရွတ်ဖတ်ရခြင်းရည်ရွယ်ချက် ကတော့ ကပ်ဆိုး၊ဘေးဆိုး၊အန္တရာယ်ဆိုးမှ ကင်းစေချင်းအကျိုးငှာပေါ့ဗျာ၊ အဓိက ကတော့ ဝူဟမ်က ကိုရိုနာဗိုင်းရပ်စ်ပေါ့ ၊ ကောလဟာလ ဖြစ်နေတဲ့ ဝူဟမ်ဗိုင်းရပ်စ်ကို ဘုရားရဲ့ ပရိတ်တော်များနဲ့ အန္တရာယ်ကင်းစေဖို့အတွက် သြဝါဒစရိယဆရာတော်များ ကြီးမှူးပြီးတော့ကာ ဘုရားရဲ့ပရိတ်တော်များနဲ့ ကာကွယ်ပေးနေ တာပါဟု ဆရာတော်ဦးခမာစာရက မိန့်ကြားသည်။

နိုင်ငံတဝှမ်း ပျံ့နှံ့နေသည့်ကိုရိုနာဗိုင်းရပ်စ် ကြောင့် ကြိုတင်ကာကွယ်မှုတွေပြုလုပ်ရန်အတွက် မင်းဘူး(စကု)မြို့နယ်မှာ ကျင်းပနေတဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်ကို အ​မြန်ဆုံးစနစ်တကျစီမံ ပိတ်သိမ်းစေဖို့ အကြံပြုစာကို မင်းဘူး/စကု၊ ပွင့်ဖြူမြို့နယ် အမျိုးသားလွတ်တော် ကိုယ်စားလှယ်ဦးတင်အောင်ထွန်းက ဖေဖော်ဝါရီလ ၂၄ရက်နေ့က မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့
ဥက္ကဌဦးဌေးဝင်းထံ အကြံပြုညှိနှိုင်းစာ ပေးပို့ထား ကြောင်းသိရသည်။
၂၀၂၀ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီလ( ၂၉ ) ရက်နေ့ကနေ ဧပြီလ( ၁၇ ) ရက်နေ့အထိ ရက်ပေါင်း (၈၀)ကြာ ကျင်းပသည့်ပွဲတော်ကြီးဖြစ်သည်။
သတင်း ဇာမဏီ

0 comments:

Post a Comment