Monday, March 2, 2020

အနည်းဆုံးအခကြေးငွေအဆိုပြုနှုန်းထားသက်မှတ် နိုင်ရေး အလုပ်ရှင် အလုပ်သမား ဆွေးနွေးပွဲ တွေကို မကွေးတိုင်းဒေသကြီးအတွင်း ​ေမလကုန်အပြီးဆောင်ရွက်မည်


မင်းဘူး ဖေဖော်ဝါရီလ ၂၈
အနည်းဆုံးအခ​ကြေးငွေအဆိုပြုနှုန်းထား တင်ပြနိုင်ရေးအလုပ်ရှင်အလုပ်သမားတွေ့ဆုံဆွေးနွေးပွဲများကို မကွေးတိုင်းဒေသကြီးအတွင်း မေလကုန်အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အလုပ်သမားရေးရာ ဝန်ကြီး ဦးမြင့်ဆွေ ပြောသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးအစည်းအဝေးခန်းမတွင်ကျင်းပသည့် အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားသက်မှတ်နိုင်ရေးအလုပ်ရှင်အလုပ်သမား ဆွေးနွေးပွဲမှာပြောကြား ခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီးအတွင်း အနည်းဆုံးအခ ကြေးငွေအဆိုပြုနှုန်းထားတင်ပြနိုင်ရေးဆွေးနွေးပွဲများကို မကွေးခရိုင်နှင့်မင်းဘူးခရိုင် နှစ်ခရိုင်မှာပြုလုပ်ခဲ့ပြီး ကျန်ခရိုင်သုံးခုကိုလည်း မေလကုန်အတွင်း အချိန်မှီပြီးအောင် ဆွေးနွေးပွဲများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဦးမြင့်ဆွေ ကပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ သရက်ခရိုင် မင်းဘူးခရိုင် မကွေးခရိုင် ဂန့်ဂေါခရိုင် ပခုက္ကူခရိုင် ငါးခရိုင်ရှိတာဖြစ်သည်။
မကွေးခရိုင်ဆွေးနွေးပွဲမှာ တစ်နေ့လုပ်အားခကို အလုပ်ရှင်ကိုယ်စားလှယ်များက ၅၆၀၀ ကျပ် အလုပ်သမားကိုယ်စားလှယ်တွေက ၆၀၀၀ ကျပ်အဆိုပြုကြပြီး မင်းဘူးခရိုင်ဆွေးနွေးပွဲမှာ အလုပ်ရှင်ကိုယ်စားလှယ်များက မူလ ၄၈၀၀ ကျပ် အလုပ်သမားကိုယ်စားလှယ်တွေက ၆၀၀၀ ကျပ်အဆိုပြုခဲ့ကြကြောင်းသိရသည်။
၂၀၁၃ ခုနှစ်အနည်းဆုံးအခကြေးငွေ ဥပဒေ အခန်း ၅ ပုဒ်မ ၇ မှာ ဘယ်လိုပြဌာန်းထားလဲ ဆိုတော့ မိသားစုလေးယောက်ရဲ့ လောက်ငှသော ဝင်ငွေ ပညာရေး ကျန်းမာရေး လူမှုရေးတွေ ပါတယ်။ တစ်ရက်ရဲ့ဝင်ငွေက မိသားစုတစ်စုကို (၁၅၂၀၀)ကျပ် ရမှ မိသားစုတစ်စုရဲ့လုံလောက် သော လုပ်ခလစာဖြစ်ပါတယ်။ အခုလက်ရှိနဲ့ဆို ရင်သုံးဆလောက် လုပ်အားခ ထက်တိုးရမဲ့ ပုံစံဖြစ်တော့ အလုပ်ရှင်တွေအနေနဲ့ မပေးနိုင်ဘူး။ ကျွန်တော်အနေနဲ့ ဥပဒေအရတွက်ပေးဆိုလို့ တွက်ပေးတာပါ ဥပဒေအတိုင်းရဖို့တော့ မ​ေမျှာ်လင့်ပါဘူး။ပြင်ဆင်သက်မှတ်မဲ့ အနည်းဆုံးအခကြေးငွေ နှုန်းထားသက်မှတ်မှုမှာ အလုပ်သမားတွေအနေနဲ့ တစ်နေ့လုပ်အားခ ၆၀၀၀ ကျပ်ရရှိဖို့မျှော်လင့် ပါတယ် ဟု ထောက်ရှာပင်ကမ်းနီရေနံမြေမှ ဦးမောင်မောင်ဟန်ကပြောပါတယ်။
မြန်မာနိုင်ရဲ့ တစ်နေ့လုပ်အားခ အနည်းဆုံး အခကြေးငွေနှုန်းထားပြင်ဆင်သက် မှတ်မှုကို နှစ်နှစ်တစ်ကြိမ် တိုင်းဒေသကြီးပြည်နယ်အလိုက် အစိုးရ အလုပ်ရှင် အလုပ်သမား တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ပြီး သတ်မှတ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေသက်မှတ်ရေးဆိုင်ရာ ကော်မတီဥက္ကဌ အတွင်းရေးမှူး အလုပ်ရှင် ကိုယ်စားလှယ် အလုပ်သမားကိုယ်စားများ တက်ရောက်ခဲ့သည်။
သတင်း ဇာမဏီ

0 comments:

Post a Comment