မကွေး မတ်လ(၇)ရက်
မတ်လ(၇)ရက်နေ့ နံနက်(၃)နာရီ(၅၀)မိနစ် အချိန်ခန့်က မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အမ်းတောင်ကြားလမ်းတွင် အထောက်အထားမဲ့ ဝင်ရောက်လာကြသော ဘင်္ဂါလီအမျိုးသမီး(၃)ဦး အား ဖမ်းဆီးရမိ ကြောင်းသိရသည်။
ငဖဲမြို့နယ်အမ်းတောင်ကြားလမ်း တုံးကြီး ကျေးရွာအနီးတွင် အထောက်အထားမဲ့
ဝင်ရောက်လာကြသော ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းအရ ငဖဲမြို့နယ်
ဂုတ်ကြီး ရဲကင်းစခန်းမှူး ရဲအုပ် ရဲနိုင်စိုး ဦးစီး(၁+၃)ဦး မထုံးကျေးရွာ
ရွာခွဲတာဝန်ခံ ဦးစန်းလွင်ဦး တုံးကြီးရွာ ရွာခွဲတာဝန်ခံ ဦးမင်းနိုင်
စရဖ(လပခ)နယ်မြေတာဝန်ခံ တပ်ကြပ်ကြီး ဝင်းမင်းဌေး သတင်းရဲတပ်ဖွဲ့(SB)မှ
ရဲတပ်ကြပ်ကြီး မြင့်သူ တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့များမှ
သွားရောက်စုံစမ်းမှုများပြု လုပ်ခဲ့ကြရာ နံနက်(၅)နာရီ(၁၅)မိနစ်အချိန်
ခန့်တွင် မင်းဘူး-အမ်း ကားလမ်း မိုင်တိုင်အမှတ် (၆၄)အနီး အမ်းတောင်ကြားလမ်း
တုံးကြီးကျေးရွာတွင် ရခိုင်ပြည်နယ်ဘက်မှ အထောက်အထားမဲ့ဝင်ရောက်လာကြသော
ဘင်္ဂါလီအမျိုးသမီး ၃ ဦးတွေ့ရှိဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။
အဆိုပါဖမ်းဆီးရမိသူများမှာ မအာရဖာ(၂၂) နှစ် ဆန်ကူလီကျေးရွာ စစ်တွေမြို့နယ်မမာဂျောဒါ (၁၉)နှစ် ပိုက်ဆိပ်ကျေးရွာ ကျောက်တော်မြို့နယ်
မမာဘီနာ(ခ)မနီနီခိုင်(၁၅)နှစ် (လိပ်စာတူ) (၃)ဦးတို့ဖြစ်ကြောင်းသိရသည်။
ယင်းဖမ်းဆီးရမိသူများကို ငဖဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံး သို့ ခေါ်ဆောင်လာကာ ငဖဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်နိုင် ဦးစီး (၃)ဦး ငဖဲမြို့နယ် ဒုလဝက မှူး ဦးဟိန်းဦးဇော် ပါ(၁+၂)ဦး စရဖ(လပခ) နယ်မြေတာဝန်ခံ တပ်ကြပ်ကြီး ဝင်းမင်းဌေး သတင်းရဲတပ်ဖွဲ့(SB)မှ ရဲတပ်ကြပ်ကြီး မြင့်သူ တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့များမှ အသေးစိတ်စ စ်ဆေးမှုများ ဆောင်ရွက်နေကြကြောင်း သတင်းရရှိသည်။
သတင်း ဇာမဏီ

0 comments:
Post a Comment