Tuesday, March 3, 2020

နိုင်ငံတဝှမ်း ပျံ့နှံ့နေသည့်ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းရန် ကိုယ်စားလှယ်အကြံပြုစာကို မန်းရွှေစက်တော် ဘုရားနာယကထံ တင်ပြထားကြောင်း ဂေါပကဥက္ကဌ ပြောကြား


မင်းဘူး မတ်လ ၁ ရက်
နိုင်ငံတဝှမ်း ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ် ကြောင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကုမြို့)တွင် ကျင်းပလျှက်ရှိသော မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းရန် ကိုယ်စားလှယ်အကြံပြုစာကို မန်းရွှေစက်တော် ဘုရားနာယကထံ တင်ပြထားကြောင်း ဂေါပကဥက္ကဌ ပြောသည်။

အဆိုပါအကြံပြုစာနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီလ
(၂၉)ရက် နေ့က မန်းရွှေစက်တော်ဘုရား ​ဂေါပကဥက္ကဌ ဦးဌေးဝင်းထံဖုန်းဖြင့်ဆက်သွယ် မေးမြန်း ရာမှာ ယင်းသို့ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအကြံပြုစာကို မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းမှ မန်းရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌထံသို့ ဖေဖော်ဝါရီလ ၂၄ ရက်က ပေးပို့ခဲ့ကြောင်းသိရသည်။
အဲ့ဒီအကြံပြုစာနဲ့ပတ်သက်ပြီး မန်းရွှေစက်တော် ဘုရားနာယကထံ စာတင်ပြထားတယ် အဲ့ဒါနဲ့ပတ်သက်ပြီး ညွှန်ကြားစာပြန်မရသေးဘူး ဘုရားပွဲတော်ကတော့ဆက်လက်ဆောင်ရွက်နေပါတယ် တစ်ကယ်လိုအပ်ရင် ညွှန်ကြားစာကို တာဝန်ရှိသူတွေက ထုတ်မှာပါ ဟု မန်းရွှေစက်တော်ဘုရားဂေါပက ဥက္ကဌ ဦးဌေးဝင်းကပြောသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်တွင် ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်လာရောက် စီစဥ်သွားကြောင်း ထို့အပြင် မန်းရွှေစက်တော်ဘုရားပွဲတော် ကျန်းမာရေးဆေးပေးခန်းတွင် ဆရာဝန်များ တာဝန်ချထားပြီး ဆေးဝါးများ အဖျားတိုင်း စက်များဖြည့်ဆီးထားကြောင်း ၎င်းကပြောသည်။
၂၀၂၀ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီလ( ၂၉ ) ရက်နေ့ကနေ ဧပြီလ( ၁၇ )ရက်နေ့အထိ ရက်ပေါင်း (၈၀)ကြာ ကျင်းပသည့်ပွဲတော်ကြီးဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လ(၁) ရက်နေ့အထိ ကမ္ဘာ့တဝှမ်း သေဆုံးသူ ၂၉၇၇ ဦး ကူးစက်နေသူ ၈၆၉၆၀ ဦးနှင့် ပြန်လည်ကျန်းမာ လာသူဦးရေ ၄၂၁၂၆ ဦးရှိပြီး ကမ္ဘာ့နိုင်ငံ ၆ဝ ခန့်ကို ပျံ့နှံ့နေကြောင်း သိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment