Monday, March 2, 2020

မီးဖိုမီးကြွင်းမီးကျန်မှတဆင့် အနီးရှိထန်းရွက် အကာကို မီးကူးစပ်လောင်ရာမှနေအိမ်(၇) လုံး မီးလောင်မှုဖြစ်ပွား


ချောက် ဖေဖော်ဝါရီလ (၂၇)
မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ် ကန်ရေလေးကျေးရွာတွင် ဖေဖော်ဝါရီလ (၂၆) ရက်၊မွန်းလွဲ(၁)နာရီအချိန်ခန့်က မီးဖိုမီးကြွင်း မီးကျန်မှတဆင့် အနီးရှိထန်းရွက်အကာကို မီးကူးစပ်လောင်ရာမှနေအိမ်(၇)လုံး မီးလောင်မှုဖြစ်ပွားကြောင်း မကွေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဥ်မှာ ကန်ရေလေးကျေးရွာ အိမ်ရှင် ဒေါ်အေးနွဲ့ ၏ ထန်းရွက်မိုး ထန်းရွက်ကာ တစ်ထပ်နေအိမ်ကို စတင်မီးလောင်ရာမှ နေအိမ်(၇) လုံးမီးလောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်မှုကို ချောက်မြို့နယ်မီးသတ် တပ်ဖွဲ့မှမီးသတ်ယာဥ် ဂွေးပင်နယ်မြေမီးသတ် စခန်း မှ မီးသတ်ယာဥ် ဂွေးချိုမီးသတ်နယ်မြေ စခန်းမှ မီးသတ်ယာဥ် စုစုပေါင်း မီးသတ်ယာဥ် (၄)စီးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ ကျေးရွာလူထု ပူးပေါင်းငြိမ်းသတ်ခဲ့မှုကြောင့် ညနေ(၄)နာရီ (၄၀)မီးနစ် အချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့ ကြောင်းသိရသည်။


မီးလောင်မှုဖြစ်စဥ်မှာလူနေအိမ်(၇)လုံးဆုံးရှုံးမှု တန်ဖိုး(၁၉)သိန်းဝန်းကျင်ဆုံးရှုံးမှုရှိခဲ့ပြီး၊မီးဘေး သင့်ပြည်သူ(၃၆)ဦးရှိခဲ့ကြောင်းသိရသည်။
မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့တဲ့နေအိမ်ပိုင်ရှင်ဒေါ်အေးနွဲ့ကိုဂွေးပင်နယ်မြေရဲစခန်းမှ(ပ) ၂၀၂၀/ပုဒ်မ ၂၀၅ဖြင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း ဇာမဏီ
ဓာတ်ပုံ တိုင်းမီးသတ်တပ်ဖွဲ့

0 comments:

Post a Comment