Monday, March 23, 2020

မကွေးတိုင်းဒေသကြီးအတွင်း လေ​ဘေးကြို တင်ကာကွယ်မှုအနေနှင့် လေဘေးဒဏ် မခံနိုင်သည့်အိမ်ခြေ(၁၀၀၀)အတွက် ပြင်ဆင်စရိတ်များထောက်ပံ့


မကွေး မတ်လ (၁၈)
မကွေးတိုင်းဒေသကြီးအတွင်း လေဘေးကြိုတင် ကာကွယ်မှု အနေနှင့်လေဘေးဒဏ်မခံနိုင်သည့် အိမ်ခြေ(၁၀၀၀)အတွက် မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန က ပြင်ဆင်စရိတ်ထောက်ပံ့နေကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဂန့်ဂေါ ပခုက္ကူ သရက် မကွေး ချောက်မြို့နယ် က ကျေးရွာ (၁၉)ရွာ ရပ်ကွက်(၂)ရပ်ကွက် တစ်မြို့နယ် အိမ်ခြေ(၂၀၀)နှုန်းဖြင့် စုစုပေါင်းအိမ်ခြေ (၁၀၀၀)အတွက် ပြင်ဆင်စရိတ်ထောက်ပံ့ ငွေများကို မတ်လ မှာစတင်ထောက်ပံ့ပေး နေ
ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတိုင်းဦးစီးမှူးဦးမြင့်စိုးကပြောသည်။
အဆိုပါထောက်ပံ့ငွေကို မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်နေရာချထားရေးခေါင်းစဉ်အောက်မှ ဘတ်ဂျက်ဖြင့် တစ်အိမ်ထောင် (၁၅၀၀၀)ကျပ် အိမ်ခြေ(၁၀၀၀)အတွက် သိန်း(၁၅၀)ဖြင့် ထောက်ပံ့ပေး သွားမှာ ဖြစ်ကြောင်းသိရသည်။
မြို့နယ်များနှင့်ကျေးရွာများရွေးချယ်ရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီး လေပြင်းဒဏ် မကြာခဏကြုံတွေ့ရသည့်ဒေသများ ဆင်းရဲနွမ်းပါးသည့်​အိမ်၊ အမျိုးသမီးဦးဆောင်သည့်​အိမ်၊ လေဒဏ်ကာကွယ် ရန်ငွေကြေးအဆင် မပြေသည့်အိမ်​များကို အဓိကထား ရွေးချယ်ကြောင်းသိရသည်။
လေပြင်းဘေးကြိုတင်ကာကွယ်မှုပြုလုပ်တဲ့ အတွက် ပြိုကျပျက်စီးမှုနည်းပြီး ဆုံးရှုံးမှုနည်းမှာ ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူးဦးမြင့်စိုးကပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းကပြည်သူတွေ လေဘေးမသင့်စေဖို့အတွက် ကြိုတင်ကာကွယ်မှု အနေနှင့်လေဘေးဒဏ်ခံနိုင်သည့်အဆောက်အဦး များဖြစ်စေဖို့ ပြင်ဆင်စရိတ်ထောက်ပံ့မှုကို မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ(၂၀၁၇)ခုနှစ် ကတိုင် စတင်ထောက်ပံ့မှုများဆောင်ရွက်ခဲ့ပြီး (၂၀၁၉)ခုနှစ်က အိမ်ခြေ(၉၀၀)အတွက် (၁၃၅)သိန်း ထောက်ပံ့ခဲ့ကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment