Monday, March 23, 2020

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ယခုနှစ်မေးခွန်း တွေအရ အောင်ချက်ကောင်းလာနိုင်ကြောင်း ​ခန့်မှန်းပြောဆို


မတ်လ ၁၈
၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ယခုနှစ်မေးခွန်းများအရအောင်ချက်ကောင်းလာနိုင်ကြောင်း မကွေးမြို့က ဘော်ဒါဆရာများက သုံးသပ် ပြောဆိုကြသည်။
၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းများ မှာအရင်နှစ်ထက်စာလျှင်လူတန်းစေ့ဖြေဆို နိုင်
သောမေးခွန်းထုတ်ထားသည့်အတွက်ယခုနှစ်ကကျောင်းသားများအတွက်အဆင်ပြေနိုင်ကြောင်း
မကွေးမြို့မှ ဘော်ဒါဆရာများကသုံးသပ် ပြောဆိုကြသည်။
အခုနှစ်မှာမေးခွန်းတွေကတော့ လူတန်းစေ့ ဖြေဆိုနိုင်အောင်ထုတ်ထားတယ် ဒီနှစ်တော့ အောင်ချက်ကောင်းနိုင်တယ်လို့ဘော်ဒါဆရာတစ်ဦးဖြစ်တဲ့ဦးသက်နိုင်ကသူ့အမြင်ကိုပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲသိပ္ပံတွဲနှင့်ဝိပ္ပံတွဲတွေကို မတ်လ(၁၁)ရက်နေ့ကနေ(၁၈)ရက်နေ့အထိကျင်းပခဲ့သည်။
အခုနှစ်မေးခွန်းတွေကလွယ်တယ် ဆရာတွေ ကျက်ခိုင်းတဲ့ အခန်းတွေကပါတာများတယ် လို့ကျောင်းသူမဥမ္မာဌေးကပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်စာစစ်ဌာနပေါင်း(၂၀၇)ခုရှိပြီးတသိပ္ပံတွဲဖြေဆိုသူ(၂၂၁၃၇)ဦးရှိပြီး ဝိပ္ပံတွဲဖြေဆိုသူ(၆၈၄၅၈)ဦးကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment