မင်းလှ မတ်လ ၂ ရက်
မင်းလှမြို့နယ် ရေတွင်းကြီးကျေးရွာ အနီး
လျှိုမြောင် တောထဲတွင် မတ်လ(၁)ရက်နေ့ ညနေပိုင်းက တရားမဝင် ဝင်ရောက်လာကြသော ဘင်္ဂါလီ(၆)ဦးအား တွေ့ရှိ ဖမ်းဆီးရမိကြောင်း သိရသည်။
မတ်လ(၁) ရက်နေ့ နံနက်(၁၀)နာရီအချိန်မှ စတင်ကာ မင်းလှမြို့နယ်မှ
ရေနံမနယ်မြေ ရဲစခန်းမှူး ရဲအုပ် အောင်မင်းဦး ညောင်ဝိုင်း ရဲကင်းမှူး ရဲအုပ်
သန်းတင်မောင် လင်းကယ် ရဲကင်းမှူး ဒုရဲအုပ် တင်စိုးလွင် ဦးစီး(၃+၄)ဦး
အဖွဲ့မှ သက်သေ လင်းကယ်ကျေးရွာ အုပ်ချူ ပ်ရေးမှူး
ဦးအေးသောင်းပါ(၃)ဦးတို့နှင့်အတူ အပိုင်နယ်မြေအတွင်း
လှည့်ကင်းဆောင်ရွက်/သတင်းစုံစမ်းနေစဉ် အထောက်အထားမဲ့ ဘင်္ဂါလီများ
ရောက်ရှိနေကြောင်း သတင်းအရ တောနင်းရှာဖွေ ခဲ့ကြရာ ညနေ(၄)နာရီအချိန်ခန့်
သရက်-မင်းလှ ကားလမ်း ရေတွင်းကြီးကျေးရွာ အနီး လျှိုမြောင် တောထဲတွင်
ရခိုင်ပြည်နယ် ဘက်မှ တရားမဝင် ဝင်ရောက်လာကြသော ဘင်္ဂါလီ ကျား(၆) ဦးအား
တွေ့ရှိ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
အဆိုပါအထောက်အထားမဲ့ဝင်လာသူများမှာ
အန်နာမူဟာဆင်(ခ)ရွှေမောင်(၁၈)နှစ်
အလယ်ကျွန်းကျေးရွာ ကျောက်တော်မြို့နယ်I
မာမွတ်ရော်ဖီး(ခ)မောင်လှရွှေ(၁၄)နှစ်(လိပ်စာတူ)
Iဖယ်တာအုစ်(၂၀)နှစ် နန်းကျားကျေးရွာ မြောက်ဦးမြို့နယ်Iရာဟာမန်တူဆောင်းရ်(၁၄)နှစ် သရက်ချိုကျေးရွာ မြောက်ဦးမြို့နယ်I ရှာရွတ်ခမ်း (၁၅)နှစ် နန်းကျားကျေးရွာ မြောက်ဦးမြို့နယ်lခေါ်ဘီ(၄၀)နှစ်ယိုင်သည်ကျေးရွာ မြောက်ဦးမြို့နယ်l နေထိုင်သူများ ဖြစ်ပြီး ရခိုင်ပြည်နယ်ဘက်မှ မလေးရှားနိုင်ငံသို့ အလုပ် လုပ်ကိုင်ရန် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိကြောင်းသိရသည်။
သက်သေခံ အထောက်အထား တစ်စုံတစ်ရာ ပါရှိခဲ့ခြင်းမရှိသည့် ဘင်္ဂါလီ(၆)ဦး အား မင်းလှမြို့နယ် လဝကမှ တရားလို ပြု လုပ်ကာ မှတ်ပုံတင်ရေး အက်ဥပဒေ ၆(၂)/၆(၃)အရ အမှုဖွင့်ထားကြောင်းသိရသည်။
မတ်လ(၁)ရက်နေ့ နံနက်(၆)နာရီအချိန့်ခန့်က လည်း ဧရာဝတီတံတာ (မကွေး) တိုးဂိတ်တွင် လည်း အထောက်အထားမဲ့ဝင်ရောက်လာသူ ဘင်္ဂါလီ (၇) ဦး နှင့် ၎င်းတို့ကို သယ်ဆောင် လာသည့် ယာဥ်မောင်း(၂)ဦးကိုဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။
သတင်း ဇာမဏီ

0 comments:
Post a Comment