မင်းဘူး မတ် ၁
မကွေးတိုင်းဒေသကြီး၊
မင်းဘူးမြို့နယ် ထောက်ရှာပင်ကျေးရွာအုပ်စု၊ ကျွဲသိုးမြောင် ကျေးရွာအနီး၊ ဧရာဝတီတံတား(မကွေး)မင်းဘူးဘက်ခြမ်း
တိုးဂိတ်တွင် တရားမဝင် ဘင်္ဂါလီ (၇)ဉီး ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း အောင်ခိုင်မြင့်၊(၃၆)နှစ်၊
(ဘ)နှစ် ဉီးအောင်မြင့် အမှတ်(၁၂၅) ဗလမင်းထင်လမ်း၊
အံ့ကြီးအရှေ့၊ ဒလမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ယာဉ်မောင်းအကူ အောင်ကိုကို(၄၀)နှစ်၊(ဘ)ဉီးအုန်းကြိုင်၊
စိန်ပန်းမြိုင်လမ်း၊ သုဝဏ္ဏမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတို့မှ အဆိုပါ ဘင်္ဂါလီ(၇)ဉီးအား
YGN 9I/8545 Wish အနက်ရောင် ယာဉ်ဖြင့် ပဒါန်းမြို့ဘက်မှ မင်းဘူးမြို့ဘက်သို့ သယ်ဆောင်လာစဉ်
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယာဉ်မောင်း အောင်ခိုင်မြင့်နှင့် ယာဉ်မောင်းအကူ အောင်ကိုကိုတို့မှ
ငဖဲမြို့နယ်၊ ပဒါန်းကားလမ်းအတိုင်း ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် မန်းရွှေစက်တော်ဘုရားပွဲတော်၌
တွေ့ရှိသိကျွမ်းခဲ့သူ ချင်းလူမျိုး(အမည်/နေရပ်လိပ်စာ)စုံစမ်းဆဲမှ ရန်ကုန်မြို့သို့
ပို့ဆောင် ပေးရန် သယ်ဆောင်ခဲ့ကြောင်း စစ်ဆေးသိရှိရသည်။
အဆိုပါ ဖြစ်စဉ်အား မင်းဘူးမြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးမြင့်ဇော်၊
မင်းဘူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဉီးစီးဌာန၊ ဒုလဝကမှူး ဉီးဝင်းကြည်တို့ ပူးပေါင်းအဖွဲ့မှ
ဆက်လက် စစ်ဆေးလျက်ရှိပါကြောင်း မင်းဘူးမြို့မရဲတပ်ဖွဲ့စခန်းမှ
သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment