Thursday, March 12, 2020

မန်းရွှေစက်တော်ဘုရားပွဲတော်ကို ၂၀၂၀၊ မတ်လ(၁၃)ရက်နေ့မှစတင်ကာ ပိတ်သိမ်းသွားမည်ဟု မကွေးတိုင်းဝန်ကြီးချုပ်ပြောကြား


မင်းဘူး မတ်လ ၁၂ရက်
မကွေးတိုင်းဒေသကြီး မင်းဘူးစကုမြို့အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကို မတ်လ(၁၃) ရက်နေ့မှစတင်ကာပိတ်သိမ်းသွားတော့မှာဖြစ်တယ်လို့မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကပြောပါတယ်။
နိုင်ငံအဝှမ်းမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာ ဗိုင်းရ်ပိုး ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကိုရိုနာဗိုင်းရ်ကူးစက်ရောဂါနဲ့ပတ်သက်ပြီးကမ္ဘ့ာကူးစက်မြန်ကပ်ရောဂါအဖြစ်ထုတ်လိုက်တာကြောင့်ကြိုတင်ကာကွယ်မှုအနေနဲ့
ပြည့်ထောင်စု အစိုးရအဖွဲ့ မှ ဒီနေ့လုပ်တဲ့ အစည်းအဝေးမှာ မည်သည့်ပွဲလမ်းသဘင်ကိုမှ ခွင့်မပြုဘူး လူစုလူဝေပြုလုပ်ရမဲ့ အခမ်းအနားတွေကိုလည်း မလုပ်ရဘူးဆိုတဲ့ ညွှန်ကြားချက်ကြောင့် မတ်လ(၁၃)ရက်နေ့က စတင်ကာ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ပိတ်သိမ်းတာဖြစ်တယ်လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကပြောပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲတော်အပြင်မကွေးတိုင်းအတွင်းလူစု၊လူဝေးနဲ့ကျင်းပရတဲ့ဘာသာ ရေးပွဲတော်တွေ၊ရိုးရာနတ်ပွဲတွေ၊ပျော်ပွဲရွှင်ပွဲတွေကျင်းပခွင့်ပါမစ်တွေကိုလည်းပိတ်သိမ်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဇာမဏီ

0 comments:

Post a Comment