This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, March 29, 2020

မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၂၄ ၊ ၂၀၂၀ ၊ဧပြီလ (၁ - ၁၅)ရက်ထွက် ဂျာနယ်ကို ၂၀၂၀၊ မတ်လ ၃၀/၃၁ ရက်နေ့ မှာ ဖြန့်ချိပါမည်။



မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၂၄ ၊ ၂၀၂၀ ၊ဧပြီလ (၁ - ၁၅)ရက်ထွက် ဂျာနယ်ကို ၂၀၂၀၊ မတ်လ ၃၀/၃၁  ရက်နေ့ မှာ ဖြန့်ချိပါမည်။ 

အထူးသတင်းနှင့် ဆောင်းပါးများ 

မန်းရွှေစက်တော်ဘုရားပွဲတော်ကို ပွဲတော်ရက်မပြည့်မီ ပိတ်ရ၍ တင်ဒါလေလံကျသင့်ငွေ၏ ၆၀ ရာခိုင်နှုန်း ဂေါပကမှ ပြန်ပေးမည်ဆို ….. စာမျက်နှာ- ၈

 (၁) ကမ္ဘာ့နိုင်ငံတစ်ဝန်းမှာ ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်ရောဂါ သံသယရှိသူများကို စစ်ဆေး သတင်းပို့ရန် ပျက်ကွက်ခြင်း၊ အမိန့်မလိုက်နာလျင် ဥပဒေအရ အရေးယူမည်ဟုဆို  စာမျက်နှာ - ၂၁

(၂) ပေါက်မြို့ အဝင် အထွက်တွင်  ကိုရိုနာဗိုင်းရပ်ရောဂါ သံသယရှိသူများကို စစ်ဆေး,,,,
 စာမျက်နှာ - ၁၇

(၃) မင်းဘူးမြို့၊ မြို့သစ်မြို့များ တွင်   COVID-19 ရောဂါကာကွယ် ပညာပေးရန် လက်ကမ်းစာစောင်များဖြန့်ဝေ……စာမျက်နှာ-၁၀

(၄) ယခုအချိန် မတ်ပဲများ စေျးအေးနေသော်လည်း စောင့်ရောင်းလျင် အကျိုးအမြတ်ရှိလာနိုင် ဟုဆို ….      စာမျက်နှာ -၂၂

(၅) မကွေးတိုင်းအတွင်း ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသော အလုပ်သမား များအား COVID-19 ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက် …..  စာမျက်နှာ- ၁၁

မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်ရုံး အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊မကွေး။
အယ်ဒီတာချုပ်ရုံး ။ အမှတ်(၇)၊ မိုးယံထီ ဆိုင်တန်း ၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊ (ဗိုလ်ချုပ်လမ်းနှင့်ပြည်တော်သာလမ်းဆုံ အနီး)၊ မကွေးမြို့
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
https://web.facebook.com/permalink.php?story_fbid=647940049108893&id=200456737190562

Monday, March 23, 2020

တရုတ်ပြည်ကပြန်လာသူတစ်ဦး ချောင်းဆိုး ၊အဖျားရှိခြင်းတို့ကြောင့် မင်းဘူးမြို့ပြည်သူ့ ဆေးရုံကြီးတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် လူနာအဖြစ် ကုသနေ


မင်းဘူး မတ်လ (၁၄)ရက်
တရုတ်ပြည်ကပြန်လာသူ အမျိုးသားတစ်ဦး
ချောင်းဆိုး ၊အဖျားရှိခြင်းတို့ကြောင့် မင်းဘူး မြို့​
ပြည်သူ့ဆေးရုံကြီးတွင် မတ်လ(၁၄)ရက်နေ့က
ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ်
သီးသန့်ကုသဆောင်တွင် ကုသပေးနေကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါလူနာမှာ တရုတ်ကပြန်လာသည့်သူဖြစ်ပြီး ချောင်းဆိုး ၊အဖျားရှိခြင်းတို့ကြောင့် စောင့်ကြည့်လူနာအဖြစ် မင်းဘူးဆေးရုံကြီးမှာ သီးသန့်ဆေးကုသပေးနေပြီး လိုအပ်သည့် စစ်ဆေးမှုတွေဆောင်ရွက်နေကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာခင်မောင်သန်း ကပြောသည်။
“မင်းဘူး စကုမြို့နယ်ထဲက ကျေးရွာတစ်ရွာက အမျိုးသားတစ်ဦး (၃)လပိုင်း (၂)ရက်နေ့က တရုတ်ပြည်ကပြန်လာတယ် အဲ့ဒီလူနာက မန္တလေးတိုင်းထဲကရွာတစ်ရွာကိုဝင်ခဲ့သေးတယ် မနေ့ကမှ ဒီဘက်ကိုပြန်ရောက်တာ ဒီလူနာကို လိုအပ်လို့ အစကတဲ့ကစစ်ဆေးမူတွေ လိုက် ကြည့်နေတယ် အခုလိုအပ်လို့ ဒီနေ့ဆေးရုံ ခေါ်တင်တယ် ကျွန်တော်တို့လုပ်ထုံးလုပ်နည်း အတိုင်းဘဲလုပ်နေပါတယ် ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူးဒေါက်တာခင်မောင်သန်းကပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ စောင့်ကြည့် လူနာနှစ်ဦးရှိခဲ့ရာမှ ၎င်းနှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးမရှိ အဖြေထွက်ပြီးသာဖြစ်ကြောင်းသိရသည်။
သတင်း ဇာမဏီ

မန်းရွှေစက်တော်ဘုရားပွဲတော် အချိန်မတိုင်ခင် ပိတ်သိမ်းရသည့်အတွက် ဘုရားကြီးတွင် လုပ်ငန်းလုပ်ကိုင်သည့် တင်ဒါလုပ်ငန်းရှင် များကို (၆၀) ရာခိုင်နှုန်းပြန်ပေးမည်


မကွေး မတ်လ ၁၆
မန်းရွှေစက်တော်ဘုရားပွဲတော် အချိန်မတိုင်ခင် ပိတ်သိမ်းရသည့်အတွက် ဘုရားကြီးတွင်လုပ်ငန်း လုပ်ကိုင်သည် တင်ဒါလုပ်ငန်းရှင် များကို (၆၀) ရာခိုင်နှုန်းပြန်ပေးမည်ဖြစ်ကြောင်း မန်းရွှေစက် တော် ဘုရားဂေါပက ဥက္ကဌက ပြောသည်။
မတ်လ(၁၆) ရက်နေ့က မကွေးမြို့ ​​​ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်းတွင် သြဝါဒဆရာ တော်ကြီးများ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ဂေါပကအဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်၍ အတည်ပြုဆုံးဖြတ် ခဲ့ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားသုံးထပ်ဆောင်မှာ မတ်လ (၁၇) ရက်နေ့မှ စတင်ကာ မန်းရွှေ စက်တော်ဘုရားပွဲမှာ လုပ်ငန်းလုပ်ပိုင်ခွင့်ရရန် တင်ဒါစပေါ်တင်ထားသည့် လုပ်ငန်းရှင်များကို (၆၀)ရာခိုင်နှုန်းပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ်မန်းရွှေစက်တော်ဘုရာကြီးတွင် စျေးဆိုင်(၁၀၀၀) ကျော် ၊တည်းကျောင်း လုပ်ငန်းရှင်(၁၀၀) ကျော်၊ရေချမ်းစင်၊ ညောင်ထောက်၊ ကန်တော့ပွဲ၊ ဖိနပ်ထိန်း၊ ရေစီးဘော၊ သန့်စင်ခန်း ၊ဓာတ်ပုံ စုစုပေါင်း ၃၈ ဦး စသည့် လုပ်ငန်းလုပ်ကိုင်သူများကို (၆၀) ရာခိုင်နှုန်း ပြန်ပေးရမည့်ငွေ ကျပ်သိန်းပေါင်း (၆၀၀၀) ကျော် ပြန်ပေးရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀မန်းရွှေစက်တော်ဘုရားပွဲတော်ကိုဇန်နဝါရီလ ၂၉ရက်နေ့မှ ဧပြီလ၁၇ရက်နေ့အထိ ရက်ပေါင်း ၈၀ ကြာကျင်းပရန်စီစဥ် ထားသော ပွဲတော်ကြီးဖြစ်သော်လည်း ပွဲတော်ကာလ (၄၄)ရက်သာကျင်ပနိုင်ခ့ဲကြောင်းသိရသည်။
ကိုရိုနာ ဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမားရေးအဖွဲ့ကြီး WHO က ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ အဖြစ်ထုတ်ပြန်သဖြင့် ကြိုတင်ကာကွယ်မှုအ​​နေနှင့်ပြည်ထောင်စု အစိုးရအဖွဲ့က မတ်လ (၁၂)ရက်နေ့ကပြုလုပ် သည့် အစည်းအဝေးမှာ မည်သည့်ပွဲလမ်း သဘင်ကိုမှခွင့်မပြုဘူးဆိုသည့် ညွှန်ကြား ချက်ကြောင့် မတ်လ(၁၃) ရက်နေ့မှ စတင်ကာ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ပိတ်သိမ်းခြင်းဖြစ်သည်။
သတင်း ဇာမဏီ

မြို့သစ်တွင်ဗုဒ္ဓဟူးနေ့တိုင်းအသက်(၆၀)ကျော်အဘိုးအဘွားများကိုအခမဲ့ဆေးကုသပေးလျှက်ရှိ ဆေးဝါးအချို့လိုအပ်နေ


မြို့သစ်တွင်ဗုဒ္ဓဟူးနေ့တိုင်းအသက်(၆၀)ကျော်အဘိုးအဘွားများကိုအခမဲ့ဆေးကုသပေးလျှက်ရှိ ဆေးဝါးအချို့လိုအပ်နေ

သတင်း ကိုရဲ(မကွေး)
တင်ဆက် မျိုးမင်း
သတင်း ကိုရဲ(မကွေး)
တင်ဆက် မျိုးမင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်ဝင် ဇေယျမင်္ဂလာရွှေအင်းတောင် စေတီတော်မြတ်ကြီး၏(၁၁၉၀)ပြည့်နှစ် ဗုဒ္ဓပူဇနိယ(တပေါင်း)ပွဲတော်အားအကျဉ်းရုံးသာပြုလုပ်


ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်ဝင် ဇေယျမင်္ဂလာရွှေအင်းတောင် စေတီတော်မြတ်ကြီး၏(၁၁၉၀)ပြည့်နှစ် ဗုဒ္ဓပူဇနိယ(တပေါင်း)ပွဲတော်အားအကျဉ်းရုံးသာပြုလုပ်
သတင်း တောင်တွင်းကြီးနယူးစ်
တင်ဆက် မျိူမင်း
တင်ဆက် မျိုမင်း

မကွေးတိုင်းဒေသကြီးအတွင်း လေ​ဘေးကြို တင်ကာကွယ်မှုအနေနှင့် လေဘေးဒဏ် မခံနိုင်သည့်အိမ်ခြေ(၁၀၀၀)အတွက် ပြင်ဆင်စရိတ်များထောက်ပံ့


မကွေး မတ်လ (၁၈)
မကွေးတိုင်းဒေသကြီးအတွင်း လေဘေးကြိုတင် ကာကွယ်မှု အနေနှင့်လေဘေးဒဏ်မခံနိုင်သည့် အိမ်ခြေ(၁၀၀၀)အတွက် မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန က ပြင်ဆင်စရိတ်ထောက်ပံ့နေကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဂန့်ဂေါ ပခုက္ကူ သရက် မကွေး ချောက်မြို့နယ် က ကျေးရွာ (၁၉)ရွာ ရပ်ကွက်(၂)ရပ်ကွက် တစ်မြို့နယ် အိမ်ခြေ(၂၀၀)နှုန်းဖြင့် စုစုပေါင်းအိမ်ခြေ (၁၀၀၀)အတွက် ပြင်ဆင်စရိတ်ထောက်ပံ့ ငွေများကို မတ်လ မှာစတင်ထောက်ပံ့ပေး နေ
ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတိုင်းဦးစီးမှူးဦးမြင့်စိုးကပြောသည်။
အဆိုပါထောက်ပံ့ငွေကို မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်နေရာချထားရေးခေါင်းစဉ်အောက်မှ ဘတ်ဂျက်ဖြင့် တစ်အိမ်ထောင် (၁၅၀၀၀)ကျပ် အိမ်ခြေ(၁၀၀၀)အတွက် သိန်း(၁၅၀)ဖြင့် ထောက်ပံ့ပေး သွားမှာ ဖြစ်ကြောင်းသိရသည်။
မြို့နယ်များနှင့်ကျေးရွာများရွေးချယ်ရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီး လေပြင်းဒဏ် မကြာခဏကြုံတွေ့ရသည့်ဒေသများ ဆင်းရဲနွမ်းပါးသည့်​အိမ်၊ အမျိုးသမီးဦးဆောင်သည့်​အိမ်၊ လေဒဏ်ကာကွယ် ရန်ငွေကြေးအဆင် မပြေသည့်အိမ်​များကို အဓိကထား ရွေးချယ်ကြောင်းသိရသည်။
လေပြင်းဘေးကြိုတင်ကာကွယ်မှုပြုလုပ်တဲ့ အတွက် ပြိုကျပျက်စီးမှုနည်းပြီး ဆုံးရှုံးမှုနည်းမှာ ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူးဦးမြင့်စိုးကပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းကပြည်သူတွေ လေဘေးမသင့်စေဖို့အတွက် ကြိုတင်ကာကွယ်မှု အနေနှင့်လေဘေးဒဏ်ခံနိုင်သည့်အဆောက်အဦး များဖြစ်စေဖို့ ပြင်ဆင်စရိတ်ထောက်ပံ့မှုကို မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ(၂၀၁၇)ခုနှစ် ကတိုင် စတင်ထောက်ပံ့မှုများဆောင်ရွက်ခဲ့ပြီး (၂၀၁၉)ခုနှစ်က အိမ်ခြေ(၉၀၀)အတွက် (၁၃၅)သိန်း ထောက်ပံ့ခဲ့ကြောင်းသိရသည်။
သတင်း ဇာမဏီ

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ယခုနှစ်မေးခွန်း တွေအရ အောင်ချက်ကောင်းလာနိုင်ကြောင်း ​ခန့်မှန်းပြောဆို


မတ်လ ၁၈
၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ယခုနှစ်မေးခွန်းများအရအောင်ချက်ကောင်းလာနိုင်ကြောင်း မကွေးမြို့က ဘော်ဒါဆရာများက သုံးသပ် ပြောဆိုကြသည်။
၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းများ မှာအရင်နှစ်ထက်စာလျှင်လူတန်းစေ့ဖြေဆို နိုင်
သောမေးခွန်းထုတ်ထားသည့်အတွက်ယခုနှစ်ကကျောင်းသားများအတွက်အဆင်ပြေနိုင်ကြောင်း
မကွေးမြို့မှ ဘော်ဒါဆရာများကသုံးသပ် ပြောဆိုကြသည်။
အခုနှစ်မှာမေးခွန်းတွေကတော့ လူတန်းစေ့ ဖြေဆိုနိုင်အောင်ထုတ်ထားတယ် ဒီနှစ်တော့ အောင်ချက်ကောင်းနိုင်တယ်လို့ဘော်ဒါဆရာတစ်ဦးဖြစ်တဲ့ဦးသက်နိုင်ကသူ့အမြင်ကိုပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲသိပ္ပံတွဲနှင့်ဝိပ္ပံတွဲတွေကို မတ်လ(၁၁)ရက်နေ့ကနေ(၁၈)ရက်နေ့အထိကျင်းပခဲ့သည်။
အခုနှစ်မေးခွန်းတွေကလွယ်တယ် ဆရာတွေ ကျက်ခိုင်းတဲ့ အခန်းတွေကပါတာများတယ် လို့ကျောင်းသူမဥမ္မာဌေးကပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်စာစစ်ဌာနပေါင်း(၂၀၇)ခုရှိပြီးတသိပ္ပံတွဲဖြေဆိုသူ(၂၂၁၃၇)ဦးရှိပြီး ဝိပ္ပံတွဲဖြေဆိုသူ(၆၈၄၅၈)ဦးကြောင်းသိရသည်။
သတင်း ဇာမဏီ

မကွေးမြို့ပေါ်ကစျေးများ အလှည့်ကျပိတ်မည် ဆိုသည့်သတင်းမှာ ကောလဟာလ သတင်း သာဖြစ်သည်ဟု မကွေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့တာဝန်ရှိသူပြောကြား


မကွေး မတ်လ ၁၉ ရက်
မကွေးမြို့ပေါ်ကစျေးများ (၃) ရက်အလှည့်ကျ ပိတ်မည် ဆိုသည့်သတင်းမှာ ကောလဟာလ သတင်းသာဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယ ညွှန့်ကြားရေးမှူး ဦးကျော်သူကပြောသည်။
မကွေးမြို့ပေါ်စျေးများ (၃) ရက်အလှည့်ကျ ပိတ်မည်ဆိုသည့် သတင်းမှာ မကွေးမြို့ပေါ်တင် သာမက မကွေးမြို့နယ် အတွင်းရှိ ကျေးရွာ အချို့၌ ယင်းသတင်းများ ပျံ့နှံ့မှုအပေါ် မတ်လ(၁၉) ရက်နေ့က မကွေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန့်ကြားရေးမှူး ဦးကျော်သူ ထံသွား ရောက်မေးမြန်းရာ ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ် သည်။
အဆိုပါကောလဟာလများကြောင့် တစ်ချို့ ပြည်သူများမှာ မဖြစ်မနေလိုအပ်သည့် ဆန် ဆီ ဆား ငရုပ် ကြ က်သွန်တို့ကို ဝယ်ယူစုဆောင်းမှု များရှိကြောင်းသိရသည်။

"စေျးတွေပိတ်မယ်ဆိုတဲ့သတင်းက မဟုတ် ပါဘူး ဘာညွှန်ကြားချက်မှလည်းထုတ် ထားတာမရှိပါဘူး ပုံမှန်အတိုင်းဖွင့်နေပါတယ် ပြည်သူတွေ မစိုးရိမ်ပါနဲ့ "ဟု မကွေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန့်ကြားရေးမှူး ဦးကျော်သူက ပြောသည်။
စျေးတွေသုံးရပ်ပိတ်ပြီးအလှည့်ကျဖွင့်မယ်ဆိုပြီး အသံတော့ကြားတယ် ဟုတ်မဟုတ်တော့ မသိဘူး အဲ့ဒါကြောင့် ဆန် ငရုပ်သီး ငါးခြောက်တွေတော့ ဝယ်ထားမယ်စိတ်ကူးထားတယ် ဟု မကွေးမြို့ ဒေသခံတစ်ဦးကပြောသည်။
"ဈေးတွေပိတ်မယ်ဆိုတာမမှန်သတင်းဖြန့်နေကြတာပါ၊ဈေးတွေပိတ်ဖို့ဆိုတာစည်ပင် အနေနဲ့မ ရှိသေးပါဘူး၊ကျွန်တော်အထင်ပြောရရင်တော့ တစ်ချို့‌ဈေးသယ်များရဲ့မတော်လောဘပေါ့၊မမှန်သတင်းလွှင့်ပြီးတော့သူတို့ရဲ့စီးပွားရေးရှာကြတဲ့သူတွေလဲပါမှာပါ၊ပြည်သူတွေအနေနဲ့နား မယောင်ဖို့လိုပါတယ်၊တစ်ကယ်လို့ပိတ်မယ် ဆိုရင်လဲတိုင်းအစိုးရအနေနဲ့ညွှန်ကြားချက်ထွက်လာမှစီမံမှာပါ၊လတ်တစ်လောတော့ပိတ်ဖို့ အစီအစဉ်မရှိပါဘူးဟုမကွေးမြို့နယ်စည်ပင်ကော်မတီဥက္ကဌဦးဖိုးနီကပြောသည်။
မကွေးမြို့ပေါ်တွင် မြို့မစျေး ရန်ပယ်စျေး ရန်ကင်းစျေး ကန်သာစျေး မင်္ဂလာစျေး ပြည်တော်သာစျေး စသည့်စျေးများ ရှိကြောင်းသိရသည်။
သတင်း ဇာမဏီ

မင်းဘူး-ပဒါန်း ကားလမ်းမပေါ်တွင ် အထောက် အထားမဲ့ ဝင်ရောက်လာကြသော ဘင်္ဂါလီ (၆)ဦးအားဖမ်းဆီးရမိ

Myaylatt Daily
မင်းဘူး-ပဒါန်း ကားလမ်းမပေါ်တွင
် အထောက် အထားမဲ့ ဝင်ရောက်လာကြသော ဘင်္ဂါလီ (၆)ဦးအားဖမ်းဆီးရမိ

မကွေး မတ်လ(၂၁)ရက်

မတ်လ(၂၁)ရက်နေ့ နံနက်(၅)နာရီ(၄၅)မိနစ် အချိန်ခန့်က မကွေးတိုင်းဒေသကြီးမင်းဘူး-ပဒါန်း ကားလမ်းမပေါ်တွင် အထောက်အထားမဲ့ ဝင်ရောက်လာကြသော ဘင်္ဂါလီ (၆)ဦးအား ဖမ်းဆီးရမိကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးမှူး ရဲအုပ် မျိုးလွင် ဦးစီးပြီး တပ်ဖွဲ့ဝင်(၄)ဦး မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်းမှ နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်မင်းဦး ဦးစီးပြီးတပ်ဖွဲ့ဝင်(၄)ဦး မင်းဘူးမြို့ နယ် စကုနယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးသက်ထွန်း ဦးစီးပြီး တပ်ဖွဲ့ဝင် (၃)ဦး တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် ငဖဲမြို့နယ်ဘက်မှ အထောက်အထားမဲ့ တရားမဝင် ဘင်္ဂါလီများ ဝင်ရောက်လာကြောင်း သတင်းရရှိသဖြင့် မင်းဘူး-ပဒါန်း သွား ကားလမ်းမပေါ်တွင် စုံစမ်းရှာဖွေမှုများပြု လုပ်ဆောင်ရွက်ခဲ့ကြရာ မင်းဘူး-ပဒါန်း ကားလမ်း မိုင်တိုင်အမှတ်(၁၈/၃) နှင့်(၁၈/၄) အကြားတွင် ရခိုင်ပြည်နယ်ဘက်မှ အထောက် အထားမဲ့ တရားမဝင် ဝင်ရောက်လာကြသော ဘင်္ဂါလီ(၆)ဦးအားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါအထောက်အထားမဲ့ ဝင်ရောက်လာသူ များမှာ မူဟာမက်ဆော်ဟတ်(၂၈)နှစ် ဖိုက်သဲရတ်​ကျေးရွာ/အုပ်စု ကျောက်တော်မြို့ နယ်၊ လိပ်စာတူများဖြစ်ကြသော မူဟာမက်နာဆဲရ် (၁၆)နှစ်၊ မူဟာမတ်ဇူဘဲရ် (၁၇)နှစ်၊ မရိုဟီဟာ(၂၁)နှစ်၊ မူမတ်နူရ်(၁၉)နှစ် ဝကင်းကျေးရွာ/အုပ်စု ကျောက်တော်မြို့နယ်၊
လိပ်စာတူ မူဟာမတ်ဟူဆိုန်(၁၉)နှစ်၊ ကျား(၅)ဦး မ(၁)ဦးအား တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် တာဝန်ရှိသူများက စစ်ဆေးမှုများပြု လုပ်ဆောင်ရွက်ခဲ့ကြောင်းသ်ိရသည်

အဆိုပါအထောက်အထားမဲ့ဝင်ရောက်လာကြသော ဘင်္ဂါလီ(၆)ဦးမှာ ၂-၃-၂၀၂၀ရက်နေ့ နံနက်(၄)နာရီခန့်က ကျောက်တော်မြို့မှ အမ်းတောင်ခြေသို့ စက်လှေ စီးကာ(၂)ရက်ကြာ ထွက်ခွာလာခဲ့ကြပြီး ၎င်းနောက် အမ်းတောင်ပေါ် မှ တောလမ်းအတိုင်း မင်းဘူးမြို့နယ် မင်းဘူး-ပဒါန်း ကားလမ်းသို့ (၁၇)ရက်ကြာ ခြေလျင် လမ်းလျှောက်လာခဲ့ကြကြောင်း ၂၁-၃-၂၀၂၀ရက်နေ့ နံနက်(၄)နာရီခွဲ အချိန်ခန့်တွင် ပဒါန်းဘက်မှ မင်းဘူးဘက်သို့ မောင်းနှင်လာသည့် အမည်မသိ ခရီးသည် တင်ယာဉ်တစ်စီးအား ၎င်းတို့အဖွဲ့မှ တားဆီးလိုက်ပါလာခဲ့ကြကြောင်း အမည်မသိခရီးသည်တင်ယာဉ်မှာ ၎င်းတို့အဖွဲ့အားတင်ဆောင်ကာ ထွက်ခွာလာခဲ့ပြီး မိနစ်(၂၀)ခန့်အကြာတွင် မင်းဘူး-ပဒါန်းသွား ကားလမ်း လေးပင်ကျေးရွာအနီး မိုင်တိုင်(၁၈/၃) နှင့်(၁၈/၄) အကြားသို့ ရောက်သောအခါ အမည်မသိ မော်တော်ယာဉ် မောင်းနှင်သူမှ ရန်ကုန်အဝင်ကို ရောက်ပြီဟု ပြောဆိုကာ မော်တော်ယာဉ်ပေါ်မှ ချထားပေးခဲ့ကာ မော်တော်ယာဉ်မှာ မင်းဘူးဘက်သို့ ဆက်လက် မောင်းနှင်သွားကြောင်း ၎င်းတို့အဖွဲ့ မင်းဘူး-ပဒါန်းကားလမ်းဘေး ရပ်နေစဉ် ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အထောက်အထားမဲ့ဝင်ရောက် လာကြသော ဘင်္ဂါလီ(၆)ဦးအားရခိုင်ပြည်နယ် တောင်ကုတ်မြို့နေ နေလင်းအောင်ဆိုသူမှ တစ်ဦးလျှင် ငွေကျပ်(၃၄) သိန်းနှုန်းဖြင့် ကျောက်တော်မြို့မှ ရန်ကုန်မြို့သို့ အရောက် ပို့ဆောင်ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့သဖြင့် ၎င်းတို့(၆)ဦးမှလည်း နေလင်းအောင် ဆိုသူထံသို့ တစ်ဦးလျှင်ငွေကျပ်(၃၄)သိန်းနှုန်းပေးချေကာ ကျောက်တော်မြို့မှထွက်ခွာလာခဲ့ကြကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် အသေးစိတ်အချက် အလက်များ ရရှိနိုင်ရန် ဆက်လက်စစ်ဆေးမှုများ ပြု လုပ်ဆောင်ရွက်နေကြောင်းသတင်းရရှိသည်။

သတင်း ဇာမဏီ

မကွေးအခြေစိုက် သတင်းထောက်တွေ ကိုရိုနာဗိုင်းရ်စ် ကာကွယ်ရေးပစ္စည်းတွေ အသုံးပြုသတင်းယူနိုင်ဖို့အတွက် မကွေးမြို့မှ ဦးကျော်ဝင်း ဒေါ်ချိုချို ထိန်ထိန်သာ မိသားစုမှ ငွေကျပ်(၅)သိန်းလှူဒါန်း



မကွေးအခြေစိုက် သတင်းထောက်တွေ ကိုရိုနာဗိုင်းရ်စ် ကာကွယ်ရေးပစ္စည်းတွေ အသုံးပြုသတင်းယူနိုင်ဖို့အတွက် မကွေးမြို့မှ ဦးကျော်ဝင်း ဒေါ်ချိုချို ထိန်ထိန်သာ မိသားစုမှ ငွေကျပ်(၅)သိန်းလှူဒါန်းခဲ့ပါတယ်။

Saturday, March 14, 2020

မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၂၃ ၊ ၂၀၂၀ ၊မတ်လ (၁၆ - ၃၁)ရက်ထွက် ဂျာနယ်ကို အစ မှ အဆုံး စာမျက်နှာ ၂၄ အထိ အနယ်နယ် အရပ်ရပ်မှ စာဖတ်ပရိတ်သပ်များနှင့် စာရေးသူများ ရယူနိုင်ပါသည် ။









မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၂၃ ၊ ၂၀၂၀ ၊မတ်လ (၁၆ - ၃၁)ရက်ထွက် ဂျာနယ်ကို အစ မှ အဆုံး စာမျက်နှာ ၂၄ အထိ အနယ်နယ် အရပ်ရပ်မှ စာဖတ်ပရိတ်သပ်များနှင့် စာရေးသူများ ရယူနိုင်ပါသည် ။

အထူးသတင်းနှင့် ဆောင်းပါးများ 

မန်းရွှေစက်တော်ဘုရားပွဲတော်ကို ၂၀၂၀ မတ်လ-၁၃ ရက်နေ့မှ စတင်ကာ ပိတ်သိမ်းမည် ဟု မကွေးတိုင်းဝန်ကြီးချုပ်က ပြောကြား ….. စာမျက်နှာ- ၁၁

 (၁) ကမ္ဘာ့နိုင်ငံတစ်ဝှမ်းမှာ ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်ဖ်ကြောင့် မန်းရွှေစက်တော်ပိတ်သိမ်းရန် လွှတ်တော်ကိုယ်စားလှယ်၏ အကြံပြုစာကို  ဘုရားပွဲတော်ကျင်းပရေး နာယကထံ တင်ထားဟု ဘုရားဂေါပက ဥက္ကဌ က ပြောကြား….။   စာမျက်နှာ - ၂၀

(၂) စိုက်ပျိုးစရိတ်ချေးငွေပေးရာမှာ  တောင်သူနှင့်လယ်သမား တန်းတူအခွင့်အရေးပေးစေလိုဟု မကွေးမြို့မှ တောင်သူတစ်ဦးက ပြောကြား         စာမျက်နှာ - ၂၀

(၃) သို့/ (အယ်ဒီတာ့ထံပေးစာ အစား)  မန်းရွှေစက်တော်ဘုရားပွဲတော် ကို ၂၀၂၀ မတ်လ ၁၃ ရက်နေ့မှ စတင်ကာ ပိတ်သိမ်းမည် ဟု မကွေးတိုင်း ဝန်ကြီးချုပ်ပြောကြား သတင်း….            စာမျက်နှာ-၁၁

(၄) မကွေးတိုင်းဒေသကြီးအတွင်းမှ တိုင်ကြားစာများတွင် အမျိုးသမီးများလိင်အကြမ်းဖက်ခံရမှုတိုင်စာများက အလွန်များပြား….      စာမျက်နှာ -၁၁

(၅) တရားမဝင် ရေနံချက်ဖို ၅ ခုအား မကွေးတိုင်းအစိုးရအဖွဲ့မှ သံယံဇာတ၊သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်စွမ်းအင် ဝန်ကြီး  ကိုယ်တိုင်ကွင်းဆင်း ဖမ်းဆီးရမိ…..     စာမျက်နှာ- ၆

မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်ရုံး အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊မကွေး။
အယ်ဒီတာချုပ်ရုံး ။ အမှတ်(၇)၊ မိုးယံထီ ဆိုင်တန်း ၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊ (ဗိုလ်ချုပ်လမ်းနှင့်ပြည်တော်သာလမ်းဆုံ အနီး)၊ မကွေးမြို့
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
Facebook : https://www.facebook.com/Myaylatt-Daily-200456737190562