မကွေး ဖေဖော်ဝါရီလ ၂၉
ဖေဖော်ဝါရီလ ၂၈ရက်နေ့က စတုတ္ထတန်း စာမေပွဲဖြေအပြီး မကွေးမြို့ Heart to Heart
ရေကစားကွင်းတွင် သွားရောက်ရေကစားသည့် ကျောင်းသူတစ်ဦးရေနစ်သေဆုံးကြောင်း မကွေးမြို့မရဲစခန်းမှသိရသည်။
ဖြစ်စဥ်မှာ မကွေးမြို့နယ် ကံသာကြီးကျေးရွာမှ စတုတ္ထတန်းစာမေးပွဲပြီးဆုံး၍
/ကျောင်းသား ကျောင်းသူ များနှင့် ဆရာ မိဘအုပ်ထိန်းသူများ နှင့်
ရွာမှသုံးဘီးဖြင့် မကွေမြို့က Heart to Heart ရေကစားကွင်းကို
လာရောက်ရေကစား စဥ်ဖြစ်ပွားခဲ့ကြောင်းမကွေးမြို့မ ရဲစခန်းစခန်းမှူး
ဒုရဲမှူးဝင်းနိင်က ပြောသည်။
ေရကစားနေတုံး ညနေ(၆)နာရီအချိန်ခန့်မှာ မနွေရတနာအောင် (၁၀)နှစ် စတုတ္ထတန်း ကျောင်းသူ ကံသာကြီးကျေးရွာနေသူက ရေလွှာလျှောစီးကွင်း ရေအနက်(၆)ပေခန့်ရှိ ရေကန်ထဲမှာ ရေနစ်ခဲ့ပါတယ်၊ မိဘတွေက အော်ဟစ်အကူညီတောင်းလို့ ပတ်ဝန်း ကျင်မှာရှိသူတွေက ကူညီဆယ်ယူပြီး မကွေးဆေးရုံးကို ပိုဆောင်တော့ သေဆုံး နေတာကို သိရပါတယ်လို့ မကွေးမြို့မ ရဲစခန်းစခန်းမှူး ဒုရဲမှူးဝင်းနိင်က ပြောသည်။
မနွေရတနာအောင် သေဆုံးတာ ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးပေးနိင်ရေး အတွက် မကွေးမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဥ် ၂/၂၀၂၀ သေမှုသေခင်းရေးဖွင့်ထား ကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:
Post a Comment