Sunday, February 23, 2020

မကွေးမြို့တွင် (၇၂)နှစ်မြောက် ချင်းအမျိုးသား နေ့အခမ်းအနားကျင်းပ



မကွေး ဖေဖော်ဝါရီလ ၂၀
မကွေးမြို့ခရိုင်အားကစားကွင်းတွင် ဖေဖောဝါရီ(၂၀)ရက်၊နံနက်ပိုင်းက(၇၂)နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပခ့ဲသည်။
အဆိုပါ အခမ်းအနားကျင်းပနိုင်ရန်အတွက် မကွေးတိုင်းအစိုးရအဖွဲ့မှကျပ်သိန်း(၂၀၀) ထောက်ပံ့ကြောင်းသိရသည်။
မကွေးတိုင်းအတွင်းရှိ(၂၅)မြို့နယ်ထဲကမြို့နယ်ပေါင်း(၁၆)ခုမှာချင်းလူမျိုးများနေထိုင်ကြသဖြင့် သွာရေးလာရေးလွယ်ကူအဆင်ပြေသည့် မကွေးမြို့မှာ တိုင်းအဆင့်(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ကျင်းပခြင်း ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှချင်းတိုင်းရင်းသားရေးရာဝန်ကြီးဦးလှထွန်းကပြောသည်။
ယခင်ကချင်းအမျိုးသားနေ့အခမ်းအနားများကို
မကွေးတိုင်းတွင် ကိုယ့်အစီအစဉ်​ဖြင့်ကိုကျင်းပ ခဲ့ကြတာဖြစ်သော်လည်း လက်ရှိအစိုးရတာဝန် ယူချိန်မှာ စတင်ကာ မကွေးတိုင်းဒေသကြီး အတွင်းတိုင်းအဆင့်ချင်းအမျိုးသား နေ့အခမ်းအနားများကိုစည်ကားသိုက်မြိုက်စွာ
ကျင်းပခ့ဲတာ (၄)ကြိမ်းမြောက်ရှိပြီဖြစ်ကြောင်း သိရသည်။အခုလိုကျင်းပနိုင်တဲ့အတွက်လည်းချင်းလူမျိုးတွေအနေနဲ့ဂုဏ်ယူ၊ပျော်ရွှင်ရပါတယ်လို့ ကျောက်ထုမြို့မှချင်းအမျိုးသားကိုရှိန်းစေ ကပြောသည်။
မကွေးမြို့တွင်ပြုလုပ်သည့်တိုင်းဒေသကြီး အဆင့် (၇၂)နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားတွင်ချင်းအမျိုးသားနေ့အခမ်းအနား ကိုပေးပို့သော သဝဏ်လွှာများကိုတာဝန်ရှိသူ များက ဖတ်ကြားခြင်းချင်းရိုးရာ အကအလှ ဖျော်ဖြေရေးများဖြင့်ဖျော်​ဖြေခြင်း ချင်းတိုင်းရင်းသားကျောင်းသား ကျောင်းသူများထဲမှ ထူးချွန်ကျောင်းသားများ နှင့် အားကစားပြိုင်ပွဲများမှာထူးချွန်သူများကို ဆုများချီးမြှင့်ပေးခ့ဲသည်။
မကွေးတိုင်းအတွင်းမှာအရှို၊တောင်သား၊အုတ်ရှု၊မွန်၊ဒိုင်၊ဖဏန်း၊ဖတူ၊ရင်ဒူး(ဒိုင်)၊မရန်၊ဇိုသုန်၊ဟားခါး၊ဖလန်း၊တီးတိန်​စသည့်
ချင်းအမျိုးနွယ်တွေနေထိုင်ကြပြီးအရှိုချင်းတွေကတော့များဆုံးနေထိုင်ကြောင်းသိရသည်။
မကွေးတိုင်းအတွင်းနေထိုင်သူလူဦးရေ(၄)သိန်းကျော်မှာချင်းလူမျိုး(၁)သိန်းကျော်ရှိကြောင်းသိ ရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment