Sunday, February 2, 2020

နတ်မောက်မြို့တွင် (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပွဲတော်စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မကွေးမြို့တွင်ဖျော်ဖြေရေးယာဉ်ဖြင့်လှည့်လည်အလှူခံ


မကွေး ဇန်နဝါရီလ ၃၁ ရက်
ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်မြေ နတ်မောက်မြို့တွင် (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မကွေးမြို့တွင် ဇန်နဝါရီလ(၃၀ ၊၃၁)ရက်နေ့ကဖျော်ဖြေရေး ယာဉ်ဖြင့်လှည့်လည်အလှူခံ မှုပြုလုပ်ခဲ့သည်။

နတ်မောက်မြို့တွင် (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပွဲတော်ကို (၁၀-၂-၂၀၂၀ရက်နေ့မှ ၁၃-၂-၂၀၂၀) ရက်နေ့အထိ လေးရက်ကြာကျင်းပသွားမည်ဖြစ်သည်။
အဆိုပါအလှူခံရာတွင် နတ်မောက်ကွန်ရက်အဖွဲ့ ကြာကန်ကျေးလက်မြေအဖွဲ့ ကြည်တစ်လုံးကျေးရွာသူ ရွာသားများက မကွေးမြို့တွင်ဖျော်ဖြေရေးယာဉ်ဖြင့်လှည့်လည်အလှူခံခဲ့ကြောင်း ကျေးလက်မြေအဖွဲ့မှ ကိုဇော်မင်းထိုက် ကပြောသည်။


ဒီနှစ် နတ်မောက်မြို့မှာပြုလုပ်မဲ့ (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပွဲတော်က အရင်နှစ်တွေကနဲ့မတူဘဲအစီအစဉ်တွေများတဲ့အတွက် ငွေကြေးမလောက်ငှလို့အလှူခံတာပါဟု ၎င်းကပြောသည်။
နတ်မောက်မြို့တွင် (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပွဲတော်မှာ စာပေဟောပြောပွဲများ ကလေးအားကစားပြိုင်ပွဲများ ကလေးပန်းချီပြိုင်ပွဲများ ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲများ
ကဗျာရွတ်ပွဲများ ပိုက်ကျော်ခြင်းပြိုင်ပွဲများ ခြင်းအလှခတ်ပွဲများအပြင် သစ်လွင်သာလောင်အငြိမ့် ယင်းချောင်းလရောင်အငြိမ့် မြို့ရွှေမန်းသားဖိုးချစ်ဇာတ် သဘင် Myanmar Idol Season Three Winner ဆုရဖြိုးမြတ်အောင်တို့ဖျော်ဖြေရေးအစီအစဉ်များ ပါရှိကြောင်းသိရသည်။
နတ်မောက်မှာပြုလုပ်မဲ့ (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပွဲတော်ကို ကျပ်သိန်း(၃၂၀)ကုန်ကျမယ် လို့ခန့်မှန်းထားတယ် အခုလက်ရှိကတော့ ကျပ်သိန်း(၇၀)ခန့်လောက်ဘဲရှိသေးတယ် ဟု နတ်မောက်မြို့တွင် (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှအထွေထွေအတွင်းရေးမှူး ကိုဇော်မင်းလတ်ကပြောသည်။
နတ်မောက်မြို့တွင် (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပွဲတော်စည်းကားသိုက်မြိုက်စွာကျင်းပ နိုင်ေရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး တောင်တွင်း ချောက် မင်းဘူး စကု စသည့်မြို့များတွင် လှည့်လည်အလှူခံသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း ဇာမဏီ

0 comments:

Post a Comment