Sunday, February 2, 2020

မကွေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်ကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ပျံလွန်တော်မူ


မကွေး ဖေဖော်ဝါရီလ ၂ ရက်
ဖေဖော်ဝါရီလ(၂)ရက် (၁၂)နာရီအချိန်က မကွေးမြို့ အောင်မင်္ဂလာအုပ်စု အောင်ဇေယျရပ်ကွက် မြို့ပတ်လမ်းရှိ မကွေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်ကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန ္တသုမင်္ဂလ သက်တော်(၈၁)နှစ် ဝါတော်(၆၁)ဝါ သည် အစာအိမ်သွေးကြောပေါက် ရောဂါဖြင့် မကွေးမြို့ ကောင်းမွန်အထူးကုဆေးရုံ၌ တက်ရောက်ကုသစဉ်ပျံလွန်တော်မူခဲ့ကြောင်းသိရသည်။

ဆရာတော်ပျံလွန်တော်မူခဲ့သဖြင့် အန္တိမဈာပနကျင်းပရေး အခမ်းအနားပြုလုပ်ရန်အတွက် အစည်းအဝေးကို ဖေဖော်ဝါရီလ(၂)ရက်ညနေ(၄)နာရီက ကျောင်းထိုင်ဘုန်ကြီးသင်တန်းကျောင်း ကျောင်းဝန်းအတွင်းရှိ လာဘဗလယောကီဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မကွေးမြို့ ရာဇမုနိတောင်ပေါ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန ္တကေလာသ မြို့နယ်သံဃနာယကဥက္ကဌ ဆရာတော် ဘဒ္ဒန ္တ သာသနနှင့် ပင့်သံဃာတော်များ တပည့်ဒါယကာ ဒါယိကာမများ ဆွေးမျိုးများစုစုပေါင်း (၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
ဆရာတော်၏ ရုပ်ကလာပ်အား မကွေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်ကြီးသင်တန်းကျောင်း သာသနသောဘီဏီသိမ်တော်၌ (၃)ရက်အပူဇော်ခံပြီး (၄-၂-၂၀၂၀)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် မကွေးမြို့မှ ဆရာတော်သီတင်းသုံးနေထိုင်ခဲ့သည့် ငဖဲမြို့နယ် ပေကုန်းကျေးရွာ ကန်လယ်မင်းတိုက် ကျောင်းသို့ ပင့်ဆောင်ရန် ကန်လယ်မင်းတိုက်ကျောင်းရောက်ရှိပါက ဆရာတော်၏ဈာပနပြုလုပ်မည့်ရက်အား အစည်းအဝးပြုလုပ်ဆုံးဖြတ်ရန် သြဝါဒစကားပြောကြားခဲ့သည်။

0 comments:

Post a Comment