Sunday, February 23, 2020

မီးလောင်မှုဖြစ်ပွားခဲ့သည့် အိုးပြင်မဲကျေးရွာကို မကွေးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနက ထောက်ပံငွေနှင့် ထောက်အကူပြုစ္စည်းတွေပေးအပ်ခဲ့


မင်းဘူး ဖေဖော်ဝါရီလ ၁၆
မင်းဘူး(စကု)မြို့နယ် အိုင်းမကျေးရွာအုပ်စု အိုးပြင်မဲကျေးရွာမှာ ဖေဖော်ဝါရီ၁၂ရက်နေ့
ညနေ (၅)နာရီလောက်က တောမီးကတစ်ဆင့် ကူးစက်ပြီးမီးလောင်ကျွမ်းဆုံးရှုံးသွားတဲ့လူနေအိမ်ခြေ ၇၄ အိမ်ခန့်ကိုမကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနကထောက်ပံငွေ(၈၄)သိန်းကျော်ကိုထောက်ပံ့ခဲ့ ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ရာတွင် လောင်ကျွမ်းခဲ့သည့် အိမ်အမျိုးအစားအလိုက်ထောက်ပံ့ငွေပေးအပ်တာတွေအပြင်ကျောင်းသားကျောင်းသူတွေအတွက်ကျောင်းဝတ်စုံများလည်းထောက်ပံ့ပေးခ့ဲကြောင်း မကွေးတိုင်းဒေသကြီးသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတိုင်းဦးစီးမှူးဦးမြင့်စိုးကပြောသည်။
"မီးလောင်ဆုံးရှုံးတ့ဲအိမ် ၇၄ လုံးမှာ သွပ်မိုးထရံကာအိမ်(၇၀)ကို တစ်အိမ်(၁၀၀၀၀၀)ထောက်ပံ့ပြီး တိုက်တာအဆောက်အဦး(၄)အိမ်အတွက် တစ်အိမ်(၂၀၀၀၀၀)ထောက်ပံ့ခ့ဲတယ် မီးဘေးသင့်ပြည်သူ (၂၉၆)ဦးအတွက် တစ်ဦး ဆန်ရိက္ခာဖိုး (၂၁၀၀)ကျပ် စုစုပေါင်းကျပ်သိန်း (၈၄၂၁၆၀၀) ထောက်ပ့ံပေးခဲ့ပါတယ် ဒါအပြင် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးထောက်ပံ့တယ် ကျောင်းသားကျောင်းသူရှိတ့ဲအိမ်တွေကို ကျောင်းဝတ်စုံတွေထောက်ပံပေးခ့ဲပါတယ်ဟု ၎င်းကပြောသည်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့အိမ်ထောင်စုတွေကိုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနကထောက်ပံ့ကူညီတာအပြင်တခြားအလှူရှင်တွေ တခြားပရဟိအဖွဲ့တွေကလည်းလာရောက်ကူညီထောက်ပံ့​ပေးခဲ့သည်။
ယင်းမီးလောင်မှုမှာတောမီးလော​င်​ကျွမ်းရာကနေ အိုးပြင်မဲကျေးရွာနေဦးတင်ရွှေအသက်(၅၂)ပိုင်သက်ကယ်မိုးဝါးထရံကာနွားတင်းကုတ်ပေါ်မီးပွားများကျရောက်ကူးစက်လောင်ကျွမ်းခဲ့​ခြင်းဖြစ်သည်။
မကွေးတိုင်းမှာယခုနှစ်အတွင်းမှာ မီးလောင်မှု အများဆုံးကအခုတစ်ကြိမ်သာဖြစ်ပါတယ်။နွေရာသီမှာ မီးဘေး လေဘေးနဲ့ကမ်းပြိုဘေး တွေဖြစ်ပွားနိုင်လို့​ပြည်သူတွေအနေနဲ့ သတိထားနေထိုင်စေချင်တယ်မကွေးတိုင်းဒေသကြီးသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးမြင့်စိုးကပြောသည်။
​ပြီးခဲ့တဲ့နှစ် မကွေးတိုင်းအတွင်း မီးဘေး ကမ်းပြိုဘေး လေဘေး ရေဘေးစတဲ့သဘာဘေး ၄၄၂ကြိမ်ဖြစ်ပွားခဲ့ပြီးမကွေးတိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ထောက်ပံငွေသိန်း၄၅၀၀ကေျာ်ကိုထောက်ပံ့ပေးအပ်ခဲ့တယ်လို့စာရင်းဇယားများအရသိရသည်။

သတင်း ဇာမဏီ

0 comments:

Post a Comment