Monday, February 24, 2020

ကားလမ်းမဘေး ဓမ္မရုံဆောက်လုပ်ရန် အလှုုခံနေသော လူတစ်ဦးအား အရှိန်မထိန်နိုင်ဘဲမောင်းနှင်လာသည့် ဆိုင်ကယ်အတိုက်ခံရပြီးသေဆုံး

ကားလမ်းမဘေး ဓမ္မရုံဆောက်လုပ်ရန် အလှုုခံနေသော လူတစ်ဦးအား အရှိန်မထိန်နိုင်ဘဲမောင်းနှင်လာသည့်
ဆိုင်ကယ်အတိုက်ခံရပြီးသေဆုံး
ရေနံချောင်း ဖေဖော်ဝါရီလ ၂၄

ဖေဖော်ဝါရီ၂၃ရက်နေ့၊ညနေပိုင်းကရေနံချောင်း- ကျောက်ပန်းတောင်းသွား ကားလမ်း၊ကြီးမြင့်ကျေးရွာအနီး၊မိုင်တိုင်အမှတ်၃၇၃ နှင့်၃၇၃/၁ကြား၊တွင်ရေနံချောင်းမြို့နယ်၊ကမ္မကျေးရွာဓမ္မာရုံ ဆောက်လုပ်ရန်၊အလှုုခံနေသော လူတစ်ဦးအား အရှိန်မထိန်နိုင်ဘဲမောင်းနှင်လာသည့်
ဆိုင်ကယ်အတိုက်ခံရပြီးသေဆုံးကြောင်းဂွေးပင်ရဲစခန်းမှသိရသည်။
ဖြစ်စဥ်မှာဖေဖော်ဝါရီ၂၃ရက်နေ့၊ညနေပိုင်းက ဂွေးချိုဘက်မှရေနံချောင်းမြို့ဘက်သို့၊မောင်စိုးမင်းဦး၊ရေနံချောင်းမြို့၊သစ်တစ်ပွေ ရပ်ကွက်၊ရေနံ့သာရပ်ကွက်နေသူ မောင်းနှင်လာသော၊၃၅ယ/.........HONDA 150-CBRအမျ်ုးစား၊အဖြူရောင်ဆိုင်ကယ်သည်၊
ကြီးမြင့်ကျေးရွာအနီး၊မိုင်တိုင်အမှတ်၃၇၃ နှင့်၃၇၃/၁ကြား၊တွင်ရေနံချောင်းမြို့နယ်၊ကမ္မကျေးရွာဓမ္မာရုံ ဆောက်လုပ်ရန်အတွက် ကားလမ်းအနောက်ဘက်တွင် အလှုုခံနေသော၊ဦးစိန်မြိုင်( ၇၄နှစ်) ရာအိမ်မှူး ကမ္မကျေးရွာ နေသူအား အားအရှိန်မထိန်းနိုင်ပဲဝင်ရောက ် တိုက်မိခြင်းဖြစ်ကြောင်းရဲစခန်းမှတမ်းအရသိရသည်။
ထိုသို့တိုက်မိခြင်းကြောင့်ဦးစိန်မြိုင်တွင်ဦးခေါင်းနောက့်စေ့ပေါက်ပြဲဒဏ်ရာရရှိပြီးသေဆုံးသွားကြောင်းရဲစခန်းမှတ်တမ်းအရသိရသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ဂွေးပင်ရဲစခန်းမှ၊ဒုရဲအုပ်မြတ်ကိုကိုကျော်ကဆိုင်ကယ်စီးနင်းသူအားဥပဒေအရအရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းထားပြီးအမှု့ဖွင့်အရေးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment