Sunday, February 23, 2020

ရာသီဥတု အကူးအပြောင်းကြောင့်မကွေးမြို့နယ် အတွင်းရှိ အချို့နေရာများ၌ ဝက်များ သေဆုံးမှု ဖြစ်ပွား



မကွေး ဖေဖော်ဝါရီလ ၁၉

ရာသီဥတု အကူးအပြောင်းကြောင့်မကွေးမြို့နယ် အတွင်းရှိ အချို့နေရာများ၌ ဝက်များ သေဆုံးမှု ဖြစ်ပွားကြောင်းဝက်မွေးမြူရေးပြုလုပ်သူများထံမှသိရသည်။
ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရာသီဥတုမှာ နေ့တွင်ပူပြင်းလာပြီး ညပိုင်းတွင်အေးခြင်းစ သည့် ရာသီဥတုညီမျှမှု မရှိခြင်းကြောင့် ဝက်များမှာ ဆီးချုပ် ဝမ်းချုပ်ဖြစ်ခြင်း အမ်ခြင်း ဝမ်းသွားခြင်းစသည့် လက္ခဏာများဖြင့်သေဆုံး ကြောင်းတစ်အိမ်ထဲ ဝက်(၁၁)ကောင်သေဆုံးခ့ဲ သည့် မကွေးမြို့ အောင်မေတ္တာ (ဘူတာအနီး) ရပ်ကွက် ဝက်မွေးမြူရေးလုပ်ကိုင်သူ မစန်းစန်းအေးကပြောသည်။
"ဝက်(၁၁)ကောင်မွေးထားတာ (၁၁)ကောင်လုံး သေသွားတော့ (၂၈)သိန်းဖိုးလောက်ဆုံးရှုံးသွား တယ် ဝက်တွေကျန်းမာရေးမကောင်းဘူးဆိုပြီး ဆေးခေါ်ထိုးတာလည်းမပျောက်ဘူး ဝက်တွေ ကျန်းမာရေးဖြစ်ပြီးသေတာလည်းမြန်တယ် "ဟု ၎င်းကပြောသည်။
အဆိုပါသေဆုံးသည့်ဝက်များမှာ ဝကုံးခ့ဲသည့်
ဝက်မွေးမြူရေးလုပ်ကိုင်သူေဒါ်ဖြူဖွေး ကပြောသည်။
ယခင်နှစ်များကလည်း ယခုက့ဲသို့ ဆောင်း အကုန် နွေအကူးကာလများတွင် ဝက်များ ရောဂါဝင်ရောက်သော်လည်း အသေ အပျောက်မရှိဘဲ ဆေးကုသရုံဖြင့် ပျောက်ကင်းခ့ဲသော်လည်း ယခုနှစ်မှာ ဝက်များကိုဆေးကုသမှုပြုလုပ်သော်လည်းရော ဂါပျောက်ကင်းခြင်းမရှိဘဲ သေဆုံးမူများရှိ ကြောင်းသိရသည်။
"ဝက်တင်မကပါဘူး တိရစ္ဆာန်တွေနဲ့ပတ်သက်တ့ဲ ကျန်းမာရေးမကောင်းတာဖြစ်ဖြစ် အသေ အပျောက်ဖြစ်တယ်ဆိုရင် ကျွန်မတို့ဌာနကို အကြောင်းကြားဖို့ပြော ထားတယ် ဖုန်းနံပတ ်လည်းပေးထားတယ် ဒါပေမ့ဲအကြောင်း မကြားဘူး အကြောင်းကြားရင် ကျွန်မတို့က ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ် ဆောင်ရန် ရှောင်ရန်တွေကို အသိပညာပေး နိုင်တော့ ဆုံးရှုံးမှုတွေနည်းနိုင်ပါတယ် ဟု မကွေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးအေးမော် ကပြောသည်။
အဆိုပါသေဆုံးသည့် ဝက်များကို စားသုံးသူ များကို ပြန်လည် ရောင်းချတာတွေရှိသလို စည်းကမ်းမ့ဲလွှင့်ပစ်တာများလည်းရှိကြောင်းသိရသည်။
ရောဂါကြောင့်သေဆုံးတ့ဲဝက်တွေကို ရောဂါပြန့်နှ့ံမှုမရှိအောင် ပြန်မရောင်းချ သင့်ကြောင်း သေဆုံးသည့်ဝက်များကို စနစ်တကျ ကျင်းတူးပြီး မြေဖို့သင့်ကြောင်း မကွေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးအေးမော် ကပြောသည်။
နှစ်လသားဝက်တစ်ကောင်လျှင် ၅၅၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်အထိရှိပြီး ဝက်ကြီးတစ်ကောင် လျှင် ၁၅၀၀၀၀ ကျပ်မှ ၃၅၀၀၀၀ကျပ်အထိရှိပြီး တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများအနေဖြင့် အသေးစားချေးငွေယူ၍ မွေးမြူရေး လုပ်ကိုင်ရသဖြင့် ဆုံးရှုံးမှုများ ဖြစ်ရကြောင်း ဝက်မွေးမြူရေး လုပ်ကိုင်သူများထံက သိရသည်။
သတင်း ဇာမဏီ
Image may contain: outdoorImage may contain: outdoor

0 comments:

Post a Comment